www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 7, 2019

မောင်တောမြို့၊ မြို့မဈေး၌ ငွေကျပ်သိန်းပေါင်း ၇၇ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မောင်တောမြို့၊ မြို့မဈေး၌ ငွေကျပ်သိန်းပေါင်း ၇၇ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၆ 
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မဈေး ၌  မူးယစ်ဆေးဝါးများ ရှိနေကြောင်း သတင်း အရ ဇန်နဝါရီ ၅ ရက် ညနေ ၃ နာရီခွဲခန့် တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေရာမြို့မ ဈေးတွင် ဖုန်းနှင့်လျှပ်စစ်ပစ္စည်းများ ရောင်းချသည့် မိုဟာမက်ဆူဖိုက်(ဘ) ဒီမိုဟာမက်၏ ဆိုင်အနောက်ဘက်ပစ္စည်း သိုလှောင်ခန်းရှိ ပန်ကာထည့်သည့် ဂျပ်ဖာအတွင်းမှWYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၈ဝ၅ဝ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၇၇ဝဝ ကျော်)အား ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား မောင်တောမြို့မ ရဲစခန်းက လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger