www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 7, 2019

မူဆယ်မြို့နယ်၊ ဟိုနောင်ကျေးရွာ အနီး၌ ငွေကျပ် သိန်းပေါင်း ၃ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

မူဆယ်မြို့နယ်၊ ဟိုနောင်ကျေးရွာ အနီး၌ ငွေကျပ် သိန်းပေါင်း ၃ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၆ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊   မူဆယ်မြို့ နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က ဟိုနောင်ကျေးရွာလမ်းခွဲ၌ မော်တော်ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် ဇန်နဝါရီ ၅ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မူဆယ်(၁ဝ၅)မိုင် ကျောက်တိုင်လမ်းခွဲ-ကျန်စန်းကျော့ လမ်းခွဲအတိုင်း လားရှိုးမြို့ဘက်သို့ ယာဉ်မောင်း တွမ်ရင်ရိန်း(ဘ)  ဦးတွမ်ဆင်းလုံး မာင်းနှင်ပြီး ရန်ဆိုင်လျန်(ဘ) ဦးရန်ခြောက်ကျီ လိုက်ပါလာသော ISUZU အမျိုးအစား ၁၂ ဘီးယာဉ်အမှတ်၊  YGN/------ အား ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်မှ ဆာလာအိတ် ၁၇ဝ အိတ်ဖြင့် ထုပ်ထားသော ကဖင်းအဖြူရောင်အမှုန့် ၄၂၅ဝ ကီလိုခန့်၊ စက္ကူပုံး ၇ဝ ပုံးဖြင့် ထည့်ထားသည့် အမိုနီယမ်ကလိုရိုက် အဖြူရောင်အမှုန့် ၁၇၅ဝ ကီလိုခန့် (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃ဝဝဝ ကျော်)နှင့် မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် အတူဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါဖမ်းဆီးရမိ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ ဖမ်းဆီးရမိသူများအား မူဆယ်မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger