www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 7, 2019

ပေါက်ခေါင်းမြို့နယ် ခပေါင်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ပေါက်ခေါင်းမြို့နယ်  ခပေါင်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၆ 
-
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ရွှေတောင်ငွေတောင် ကျေးရွာအုပ်စု ခပေါင်းကျေးရွာရှိ ဒေသခံပြည်သူ များအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၃၂ ဦးကို သွေး တိုးရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ဆီးချိုရောဂါ၊  အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ နှစ်ဦးကို ပြည်မြို့ရှိတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင် ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 
-
-
ထို့ပြင် ဆေးကုသရေးအဖွဲ့က ဆေးလိပ်၊ အရက်၊ ကွမ်း၊အချိုမှုန့်သုံးစွဲခြင်း တို့ကြောင့် ဖြစ်ပွားတတ်သော ဆိုးကျိုးများ အကြောင်းနှင့် ယင်လုံအိမ်သာ စနစ်တကျ ဆောက်လုပ်သုံးစွဲရေး တို့ကို ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။ 
-
ယင်းသို့ဆောင်ရွက်ပေးမှုများကို ပြည်တပ်နယ်မှ တာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ခပေါင်းကျေးရွာ၌ပြုလုပ်သည့် ကရင်နှစ်သစ်ကူး ပွဲတော်သို့ တက်ရောက်ကာ ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger