www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2019

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရပ်အနီး၌ ငွေကျပ်သိန်း၂၅ဝဝ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရပ်အနီး၌ ငွေကျပ်သိန်း၂၅ဝဝ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော် ဇန်နဝါရီ ၁ဝ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ဝမ်မိုင်ရပ်အနီး၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ စောင့်ဆိုင်းစဉ် ဇန်နဝါရီ ၉ ရက် ည ၉ နာရီ မိနစ် ၅ဝ ခန့်တွင် ခရစ်ယာန်ဘုရားကျောင်းလမ်းအနီးမှ လွယ်စီတုံကျေးရွာဘက်သို့ စိုင်းရှဲန်လာ(ဘ)ဦးအိုက်ပန်း မောင်းနှင်လာသော Honda Wave-125 အမျိုးအစား မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ရှေ့ခွကြားတွင် တင်ဆောင်လာသည့် ကျောပိုးအိတ်အတွင်းမှ အိုက်စ်အဖြူရောင်ပုံဆောင်ခဲ ၁ဝ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၅ဝဝ)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။ 
-
ဖမ်းဆီးရမိသူ၏ ပြောကြားချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ဟံသာဝတီလမ်းနေ ဒေါ်မွှေးလိန်ထံမှ ရရှိကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေရာ ဒေါ်မွှေးလိန်အား နေအိမ်မှတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူ ဒေါ်မွှေးလိန်မှ ယင်းမူးယစ်ဆေးဝါးများမှာ ပန်ဆန်းမြို့ ဒေါ်ရှောက်ရှောက်ထံမှ ရရှိခဲ့ကြောင်း သိရှိရသည်။ 
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းမှ တရားဥပဒေအရ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်းနှင့် မူးယစ် ဆေးဝါးများနှင့် ပတ်သက်သူအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger