www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2019

မိုးမိတ်မြို့နယ်၊ နားယုတ်ကျေးရွာအနီးရှိ ဖောင်းကတော့ သစ်တောကြိုးဝိုင်း၌ တရားမဝင် သစ်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မိုးမိတ်မြို့နယ်၊ နားယုတ်ကျေးရွာအနီးရှိ ဖောင်းကတော့ သစ်တောကြိုးဝိုင်း၌ တရားမဝင် သစ်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
-
နေပြည်တော် ဇန်နဝါရီ ၁ဝ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်၊ နားယုတ်ကျေးရွာ၏ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာရှိ ဖောင်းကတော့သစ်တောကြိုးဝိုင်းသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် သတင်းအရ သွားရောက်စစ်ဆေးရာ အဆိုပါနေရာတစ်ဝိုက်၌ စုပုံထားသော တရားမဝင် ကျွန်းသစ်တန်၂ဝ ခန့်၊ သစ်ထုတ်ရာတွင် အသုံးပြုသည့် ဂျင်ဒေါင်းအမျိုးအစား၂၂ ကောင်အင်ဂျင်တပ် သစ်ခွဲစက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။ 
-
-
အဆိုပါသိမ်းဆည်းရမိ တရားမဝင် ကျွန်းသစ်များနှင့် ဆက်စပ်ပစ္စည်းများအား မိုးမိတ်မြို့နယ်၊ သစ်တောဦးစီး ဌာနချုပ်သို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger