www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 7, 2019

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တာဝန် ထမ်းဆောင်စဉ် ကျဆုံးသွားခဲ့သည့် တပ်ဖွဲ့ဝင်များ၏ မိသားစုများအား ရဲတပ်ဖွဲ့တာဝန်ရှိသူများကသွားရောက် နှစ်သိမ့်အားပေးစကား ပြောကြား၍ ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တာဝန် ထမ်းဆောင်စဉ် ကျဆုံးသွားခဲ့သည့် တပ်ဖွဲ့ဝင်များ၏ မိသားစုများအား ရဲတပ်ဖွဲ့တာဝန်ရှိသူများကသွားရောက် နှစ်သိမ့်အားပေးစကား ပြောကြား၍ ထောက်ပံ့ငွေများပေးအပ်
-
နေပြည်တော်   ဇန်နဝါရီ   ၆
-
၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရခိုင် ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်   ရပ်ရွာအေးချမ်း သာယာရေး တာဝန်ထမ်းဆောင်စဉ်   AA သောင်းကျန်းသူအဖွဲ့၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  အမှတ်(၃)  နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များ၏ မိသားစုနေအိမ်များသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက သွားရောက်ကြည့်ရှုနှစ်သိမ့်အားပေးစကားများ ပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပေးအပ်သည့် ထောက်ပံ့ငွေများအား သွားရောက် ပေးအပ်လျက်ရှိသည်။
-
ဇန်နဝါရီ ၅ ရက်တွင် မကွေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လတ် ဦးစီးသည့် တပ်ဖွဲ့ဝင်များက မကွေးမြို့ အောင်စေတနာ (A)(၃)လမ်းသို့ သွားရောက်၍ ရဲမှူးစိုင်းဘိုဟန်၏ကျန်ရစ်သူ မိသားစုနှင့်တွေ့ဆုံကာ   နှစ်သိမ့်အားပေးစကား ပြောကြားပြီး ဇနီးဖြစ်သူ ဒေါ်သီတာဦး ထံသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထောက်ပံ့ပေးအပ်သည့် ငွေကျပ် ၁ဝ သိန်းကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသက်နိုင်ထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက ညောင်တုန်းမြို့ (၉)ရပ်ကွက်သို့ သွားရောက်၍  ဒုတိယရဲအုပ်မြင့်လွင်၏ ကျန်ရစ်သူမိသားစုနှင့် တွေ့ဆုံကာ  နှစ်သိမ့်အားပေးစကားပြောကြားပြီး   ဇနီးဖြစ်သူ ဒေါ်မိုးမိုးခိုင်ထံသို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထောက်ပံ့ပေးအပ်သည့် ငွေကျပ် ၁ဝ သိန်းကို လည်းကောင်း၊  ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ(ပထမတန်း)  ဒုတိယရဲမှူးကြီးတင်ရွှေဦးစီးသည့် တပ်ဖွဲ့ဝင်များက ရဲတပ်သား ကိုကိုလတ်၏ ကျန်ရစ်သူမိသားစုအား လွိုင်ကော်မြို့၌ သွားရောက်တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကား ပြောကြားပြီး အစ်ကို ဖြစ်သူ ကိုကျော်ထူးအောင် ထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထောက်ပံ့ပေးအပ်သည့် ငွေကျပ်၁ဝ သိန်းကို လည်းကောင်း၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်များက ကျိုင်းတုံမြို့နယ် နောင်လျန်(၂)ကျေးရွာသို့ သွားရောက်ကာ ရဲတပ်သားဖားဖာ့၏ ကျန်ရစ်သူမိသားစုများနှင့် တွေ့ဆုံကာ နှစ်သိမ့်အားပေးစကား ပြောကြားပြီး ဖခင်ဖြစ်သူ ဦးအားချေးထံသို့  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထောက်ပံ့ပေးအပ်သည့် ငွေကျပ် ၁ဝ သိန်းနှင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ထောက်ပံ့သည့် ငွေကျပ်ငါးသိန်း၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့က ထောက်ပံ့သည့် ငွေကျပ်နှစ်သိန်းတို့အား သွားရောက်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger