www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2019

စလင်းမြို့နယ်၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် သီးနှံစိုက်ခင်း ဧက ၁၅ဝ ခန့် ရေဝင်နစ်မြုပ်

-
စလင်း  ဇန်နဝါရီ  ၁ဝ 
-
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ဇန်နဝါရီ ၇ရက်နှင့် ၈ ရက်တို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့်   ကြက်သွန်၊ မြေပဲ၊ စားတော်ပဲ၊ ကုလားပဲအစရှိသည့် သီးနှံစိုက်ဧကများ ချောင်းရေဝင်ရောက် နစ်မြုပ်ခြင်းများ ဖြစ်ပေါ်ကြောင်း ဒေသခံများထံမှ သိရသည်။ 
-
''ရဒေးရွာနဲ့ ၄ ဖာလုံအကွာမှာရှိတဲ့ချောင်းက ရွာကိုဦးတိုက်ပြီး စီးနေတာပါ။ အခုလောလောဆယ်တော့ ချောင်းရေကျပြီး သီးနှံခင်းတွေ  ရေနစ်မြုပ် ပျက်စီးသွားတယ်။ရွာထဲပါရေဝင်တော့ လမ်းတွေလည်းပျက်စီးကုန်တယ်။ ကျောင်းသား၊ ကျောင်းသူ သုံးရာကျော်ရှိတဲ့ အထက်တန်းကျောင်း(ခွဲ)ကိုလည်း ယာယီပိတ်ထားလိုက်ရပါတယ်'' ဟု ရဒေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောဦးကပြောသည်။ 
-
မိုးရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းကာ ကန်တော်ချောင်းရေတိုးလာသဖြင့် ရဒေးကျေးရွာအနီးရှိ စားတော်ပဲ၊ ကုလားပဲနှင့် မတ်ပဲစိုက်ခင်း ဧက ၁ဝဝ ကျော် ချောင်းရေဝင်နစ်မြုပ်ခဲ့ရာ အသီးရင့်ချိန်ရောက်နေသည့် စားတော်ပဲများ အမြစ်ဆွေးကာ သေနိုင်သည့် အခြေအနေရှိပြီး ကုလားပဲများ အသီးအောင်ရန်နှင့် မနုတ်ရသေးသည့် မြေပဲခင်းများလည်း ရှိနေကြောင်းသိရသည်။
-
စလင်းမြို့နယ်အတွင်း၌ တောင်ကျရေကြောင့် တောင်သူဦးရေ ၁ဝဝ ဦးခန့်ပိုင်ဆိုင်သည့် သီးနှံစိုက်ခင်းဧက ၁၅ဝ အတွင်း ရေဝင်ခဲ့ကြောင်း၊ ပျက်စီးမှုအခြေအနေကို ခန့်မှန်း၍ မရသေးကြောင်း၊ ပျက်စီးမှုဖြစ်ပေါ်ပါက အစားထိုးသီးနှံများ စိုက်ပျိုးနိုင်အောင် စီစဉ်ပေးမည် ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger