-
နေပြည်တော် ဇန်နဝါရီ ၈
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဗထူးတပ်မြို့ မြို့ရှောင်ကွင်းလမ်း၌ စောင့်ဆိုင်းနေစဉ် ယနေ့နံနက် ၁၂ နာရီခန့်တွင် ညောင်ပင်သာကျေးရွာနေ ဦးဇော်ထွန်း(ဘ)ဦးခင်အောင် မောင်းနှင်လာသည့် ဖောယာဉ်အသေး ယာဉ်အမှတ်၊ ၉ ဌ/ ---- လိုင်စင်မဲ့မော်တော်ယာဉ်အား စစ်ဆေး စဉ် ယာဉ်ပေါ်တွင် အင်သစ်လုံးဆိုဒ်စုံ ၂၁ လုံးအားလည်းကောင်း၊ နံနက် ၁ နာရီခွဲခန့် တွင် ညောင်ပင်သာကျေးရွာနေ ဦးဘိုမြ(ဘ) ဦးမောင်ချို မောင်းနှင်လာပြီး ဦးဝင်းအေး(ဘ) ဦးဖိုးသုန်အပါအဝင် ခြောက်ဦးတို့ လိုက်ပါလာသည့် ခြောက်ဘီးယာဉ်အမျိုးအစား ယာဉ် အမှတ်၊ ၆ဗ။----- လိုင်စင်မဲ့မော်တော်ယာဉ်ပေါ်မှ အင်သစ်လုံးဆိုဒ်စုံ ၂၉ လုံးခန့်အား လည်းကောင်း၊ နံနက် ၃ နာရီ မိနစ် ၄ဝ ခန့်တွင် ညောင်ပင်သာကျေးရွာနေ ဦးဝင်းဇော် (ဘ)ဦးသန်းကျော် မောင်းနှင်လာပြီး ဦးလှ မင်းထွေး(ဘ)ဦးထွန်းတင် အပါအဝင် လေးဦးတို့ လိုက်ပါလာသည့် ထော်လာဂျီအသေးပေါ် မှ သစ်ယာသစ်လုံးဆိုဒ်စုံ ၃ဝ လုံးအား လည်းကောင်း၊ နံနက် ၄ နာရီခန့်တွင် ညောင်ပင်သာ ကျေးရွာနေ ဦးဝင်းကျော်(ဘ)ဦးမြင့်အောင် မောင်းနှင်လာသည့် လေးလုံးထိုး ထော်လာဂျီ အသေးပေါ်မှ အင်သစ်လုံးဆိုဒ်စုံ ၃၂ လုံး အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါဖမ်းဆီးရမိ တရားမဝင်သစ်များ၊ ဖမ်းဆီးရမိသူများနှင့် မော်တော်ယာဉ်များအား ရပ်စောက်မြို့နယ်၊ မြို့မရဲစခန်းနှင့် သစ်တော ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment