နေပြည်တော် ဇန်နဝါရီ ၈
-
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ယနေ့နံနက် ၇ နာရီ မိနစ် ၄ဝ ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကုလားကုတ်ကျွန်း ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာရှိ လူနေအိမ်၂၁ဝ လုံးနှင့် အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းတို့ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။
-
အဆိုပါ လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာ နေရာသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက သွားရောက်၍ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ နေအိမ်များ ပြန်လည်ပြုပြင်ပေးခြင်း စသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment