www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 7, 2018

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ စုပေါင်း၍ နိဗ္ဗာန်ဈေး ပွဲတော် ကျင်းပ

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ စုပေါင်း၍ နိဗ္ဗာန်ဈေး ပွဲတော် ကျင်းပ
-
နေပြည်တော် ဒီဇင်ဘာ ၆ 
-
နိဗ္ဗာန်ဈေးပွဲတော်သို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့်ဇနီး ဒေါ်နန့်ကြင်ြကည်၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် အားပေးခဲ့ကြသည်။
-
နိဗ္ဗာန်ဈေးပွဲတော်တွင် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့များအလိုက် မုန့်မျိုးစုံဖြင့် တည်ခင်းဧည့်ခံခြင်း၊ တိုင်းရင်းသားဒေသများမှ လွှတ်တော် ကိုယ်စားလှယ်များက ရိုးရာခေါင်ရည်များဖြင့် ဧည့်ခံခြင်း၊ ရှမ်းရိုးရာအက အလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ 
-
(သတင်းစဉ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger