www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 7, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းများအား AA အကြမ်းဖက် သောင်းကျန်း သူများက နှောင့်ယှက် တိုက်ခိုက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းများအား AA အကြမ်းဖက် သောင်းကျန်း သူများက နှောင့်ယှက် တိုက်ခိုက်
-
နေပြည်တော်၊ ဒီဇင်ဘာ - ၆
-
မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်မျဉ်းအနီး ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးရေး စီမံကိန်းအား နှောင့်ယှက် ဖျက်ဆီးလိုခြင်း၊ နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် နှောင့်ယှက်ဖျက်ဆီးလိုခြင်းနှင့် သုံးနိုင်ငံနယ်စပ်ဒေသ မတည်ငြိမ်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များသည် နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော် စစ်ကြောင်းများအား ၂ဝ၁၅ ခုနှစ်မှစ၍ မကြာခဏ နှောင့်ယှက်ပစ်ခတ်မှု ရှိသဖြင့် နယ်စပ်ဒေသတစ်လျှောက် အပြန်အလှန် ထိတွေ့ပစ်ခတ်မှုများ ရှိနေခဲ့သည်။
-
၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် နယ်မြေရှင်းလင်းလျက်ရှိသည့် တပ်မတော်လှုပ်ရှား စစ်ကြောင်းတစ်ကြောင်းအား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ဘီပီ-၆၄၏ အနောက် မြောက်ဘက် မီတာ ၃ဝဝဝ ခန့် နေရာတွင် စောင့်ကြိုပစ်ခတ်သော်လည်း တပ်မတော်စစ်ကြောင်း၏ ပြန်လည်ပစ်ခတ် ရှင်းလင်း မှုကြောင့် ဘီပီ-၆၄ သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးရာ တပ်မတော်စစ်ကြောင်းမှလည်း လိုက်လံချေမှုန်း ခဲ့သဖြင့် ဘီပီ-၆၄၏ မြောက်ဘက် မီတာ ၂ဝဝဝ ခန့်အကွာ၌ ဒီဇင်ဘာ ၅ ရက်တွင် ထပ်မံထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
-
အလားတူ နှစ်နိုင်ငံနယ်စပ် မှတ်တိုင်အမှတ် ဘီပီ-၆၃ နှင့် ဘီပီ-၆၄ ကြား နယ်စပ်အနီး ပိတ်ဆို့ရေးဆောင်ရွက်ရန် ချီတက်သည့် တပ်မတော် စစ်ကြောင်းတစ်ခုကိုလည်း AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အင်အား ၈ဝ ဦးခန့်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်မှ အသင့်စောင့်ကြို၍ နှောင့်ယှက်တိုက်ခိုက်ခဲ့သဖြင့် ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အထိ ထိတွေ့တိုက်ခိုက်မှု ၃ ကြိမ်၊ မိုင်းဖြစ်စဉ် ၃ ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ပြီး အဆိုပါ သောင်းကျန်းသူများမှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
-
ထို့အပြင် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင်လည်း နယ်မြေရှင်းလင်းနေသည့် တပ်မတော် စစ်ကြောင်းသည် ရသေ့ တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၈ဝဝဝ ခန့်အကွာတွင် မိမိနယ်မြေ အတွင်းပိုင်းသို့ စိမ့်ဝင်လာသည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဖြင့် ၁ ကြိမ်၊ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ ပြင်ချောင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၄ဝဝဝ ခန့်အကွာ၌ ၁ ကြိမ်၊ စုစုပေါင်း ၂ ကြိမ် ထိတွေ့တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။ ဆုတ်ခွာရာနောက်သို့ တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းဆဲ ဖြစ်သည်။ ဖြစ်စဉ်များတွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များမှ အလောင်း ၄ လောင်း၊ အမ်(၂၂)သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့သည်။ တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နှစ်နိုင်ငံ နယ်စပ်မျဉ်း တစ်လျှောက် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လုံခြုံရေး အပြည့်အဝ ဆောင်ရွက်လျက်ရှိစဉ် AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားစေရန်ရည်ရွယ်၍ ယခုကဲ့သို့ နှောင့်ယှက် တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းကြောင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိကြောင်းနှင့် နယ်မြေပြန်လည် တည်ငြိမ်ရေးနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာပြီးစီးရေး လုံခြုံရေးနှင့် နယ်မြေရှင်းလင်းခြင်းများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger