www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 18, 2018

လာအို ပြည်သူ့ တပ်မတော် နှစ်(၇ဝ)ပြည့်အထိမ်းအမှတ်သို့ သွားရောက် ဖျော်ဖြေခဲ့သည့် မြန်မာ့ တပ်မတော် ယဉ် ကျေးမှု အနုပညာ အဖွဲ့ ပြန်လည် ရောက်ရှိ

လာအို ပြည်သူ့ တပ်မတော် နှစ်(၇ဝ)ပြည့်အထိမ်းအမှတ်သို့ သွားရောက် ဖျော်ဖြေခဲ့သည့် မြန်မာ့ တပ်မတော် ယဉ် ကျေးမှု အနုပညာ အဖွဲ့ ပြန်လည် ရောက်ရှိ
-
နေပြည်တော်    ဒီဇင်ဘာ ၁၇ 
-
မြန်မာ- လာအို တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှု အနုပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ လာအိုပြည်သူ့တပ်မတော် နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်သို့ သွားရောက် ဖျော်ဖြေခဲ့သည့်  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း   ဦးဆောင်သော  မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့သည်  ယနေ့မွန်းလွဲပိုင်းတွင်  လေကြောင်းခရီးဖြင့် နေပြည်တော် လေဆိပ် သို့ ပြန်လည်ရောက် ရှိရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူး  Colonel Bounmyvieng VIENGNHOUTTHASAT  တို့က လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
-
-
အဆိုပါမြန်မာ့ တပ်မတော် ယဉ်ကျေးမှု အနုပညာအဖွဲ့သည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ရောက်ရှိ နေစဉ်အတွင်း  ဒီဇင်ဘာ ၁၁ ရက်တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယန်ကျင်းမြို့တော်ရှိ အမျိုးသား ယဉ်ကျေးမှုခန်းမ၌ လည်းကောင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဗီယန်ကျင်းမြို့တော်ရှိ စစ်ဌာနချုပ်၌ လည်းကောင်း၊ ဒီဇင်ဘာ၁၄ ရက်တွင်  ကျန်ပါဆပ်ပြည်နယ်ရှိ  စစ်ဌာနချုပ်၌လည်းကောင်း ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက် ကပြခဲ့ရာ လာအိုပြည်သူ့ တပ်မတော်၊ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီးအကဲ Lt-Gen. Souvone Leuang bounmy ၊ ဗီယန်ကျင်းမြို့တော် စစ်ဌာနချုပ် အကြီးအကဲ၊ ကျန်ပါ ဆပ်ပြည်နယ် စစ်ဌာနချုပ် အကြီးအကဲနှင့် တာဝန်ရှိသူများ၊  လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဆိုင်ရာ  မြန်မာ စစ်သံမှူး  ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည့်ရှု အားပေးကြ သည်။ လာအို ပရိသတ်များ အနေဖြင့်  မြန်မာ့ရိုးရာ ယဉ်ကျေးမှု  အဆိုအကနှင့် အနုပညာအား  နှစ်သက် သဘောကျပြီး  မြန်မာ့ တပ်မတော် ယဉ်ကျေးမှုအဖွဲ့ အနေဖြင့်လည်း မြန်မာ့ရိုးရာ သံစုံတီးဝိုင်းအဖြစ် မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့စောင်း၊ ဒုံမင်း၊ မြန်မာဂီတာ၊ ပတ္တလားတို့အား တွဲဖက် တီးခတ်၍ လာအို သီချင်းများအား တီးခတ် လက်စွမ်းပြခဲ့ရာ ပရိသတ် အားပေးမှု တစ်ခဲနက်ရရှိကြသည်။
-
-
မြန်မာ့တပ်မတော် ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ခရီးစဉ်အတွင်း ဗီယန်ကျင်းမြို့နယ်၊  ထက်လွမ် စေတီတော်၊  ကျန်ပါ ဆပ်ပြည်နယ်ရှိ  ခွမ်းခဖိန်း ရေတံခွန်နှင့် ဆာလဝမ်ဘုရား တို့သို့လည်း  သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြ ကြောင်း သတင်း ရရှိသည်။ 
-
မြ၀တီနေ့စဉ်သတင်းစာ




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger