www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 18, 2018

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲများ ဆက်လက်ကျင်းပ

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ  အားကစား ပြိုင်ပွဲများ ဆက်လက်ကျင်းပ
-
နေပြည်တော်  ဒီဇင်ဘာ  ၁၇ 
-
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် ၂ဝ၁၈ ခုနှစ် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲများကို ယနေ့နံနက် ၈နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပသည်။ ရှေးဦးစွာ ပီတန်းအားကစားကွင်း၌ အမျိုး သား Triples ပီတန်း ဆီမီးဖိုင်နယ်ပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် မြန်မာအသင်း တို့ ယှဉ်ပြိုင်ကြရာ ထိုင်းအသင်းက ၁၃ မှတ် ၈ မှတ်ဖြင့် အနိုင်ရရှိသွားသည်။ 
-
ဆက်လက်၍ ပိုက်ကျော်ခြင်း အားကစားရုံ၌ အမျိုးသား လေးယောက်တွဲ ပြိုင်ပွဲများကို ယှဉ်ပြိုင်ရာ အင်ဒိုနီးရှား အသင်း က မြန်မာ အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။ မြားပစ် အားကစားကွင်း၌ မြားပစ်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီး Compound Team ပြိုင်ပွဲတွင် မလေးရှား အသင်း က ပထမနှင့် မြန်မာအသင်းက ဒုတိယကို လည်းကောင်း၊ အမျိုးသမီး Recurve Team ပြိုင်ပွဲတွင် မလေးရှား အသင်းက ပထမ၊ စင် ကာပူအသင်းက ဒုတိယနှင့် မြန်မာအသင်းက  တတိယကို လည်းကောင်း၊ အမျိုးသား Recurve Team ပြိုင်ပွဲတွင် မလေးရှားအသင်းက ပထမ၊ အင်ဒိုနီးရှား အသင်းက ဒုတိယနှင့်  မြန်မာအသင်းက တတိယကို လည်း ကောင်း ရရှိခဲ့ပြီး ဆုရရှိသူများအား ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် တာဝန် ရှိသူများက ဆုများ အသီးသီး ပေးအပ်သည်။
-
ဆက်လက်၍  ဘတ်စကက်ဘော၊  စစ်တုရင်၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲတို့ကို သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံ အသီးသီးတို့၌ ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိသည်။ ယနေ့ ညနေပိုင်းအထိ ပြိုင်ပွဲများတွင် မြန်မာ အသင်းက ရွှေတံဆိပ်  ၂၄ခု၊  ငွေတံဆိပ် ၂၂ခု၊ ကြေးတံဆိပ်  ၂၅ ခုဖြင့် အသီးသီး ရရှိထားကြောင်း သတင်း ရရှိသည်။ 
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger