www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 26, 2018

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲနှင့် မြန်မာပြည် အမျိုးသမီး ချန်ပီယံ ရွှေခါးပတ်လုပွဲကျင်းပမည်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲနှင့်  မြန်မာပြည် အမျိုးသမီး ချန်ပီယံ ရွှေခါးပတ် လုပွဲကျင်းပ မည်
-
နေပြည်တော်  ဒီဇင်ဘာ  ၂၅ 
-
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူး၍ VICTORY  Myanmar Group Co.,Ltd. မှ အဓိကကူညီပံ့ပိုးပြီး MMAG ကစီစဉ် ကျင်းပသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲနှင့် မြန်မာပြည် အမျိုးသမီးချန်ပီယံရွှေခါးပတ်လုပွဲကိုတောင်ငူမြို ကေတုမတီ  မိုးလုံလေလုံ အားကစား ခန်း မ၌ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၂ာရီတွင်ကျင်းပမည်ဖြစ်ကြောင်း   မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ထံမှ သိရသည်။ 
-
အဆိုပါ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကြီးနှင့်   မြန်မာပြည် အမျိုးသမီး ချန်ပီယံ ရွှေခါးပတ်ပြိုင်ပွဲကြီးတွင် အဓိကတွဲ ဆိုင်း အဖြစ် ဘရောနီကာ(မြန်မာ)နှင့်  နောင့်အော်(ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ ထို့နောက်  ငါးချီအထူးစိန်ခေါ်ပွဲအဖြစ် နေရူဘီ (မြန်မာ)နှင့် ဝီထရာ(ထိုင်း)၊ လမ်းမယူ (မြန်မာ)နှင့် ချိုင်ပူရီ(ထိုင်း)၊ နိုင်ဝင်း ထွန်း (ရာမညအားမာန်)နှင့် အောင်သက်ကို (ဗမာ့သွေး)၊ စစ်မင်း(ရာမညအားမာန်နှင့် ငွေနန်းတော် (ဗမာ့သွေး)တို့က ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 
-
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးနှင့် မြန်မာပြည်အမျိုး သမီးချန်ပီယံ ရွှေခါးပတ် လုပွဲကြီးကို ရုံဝင်ကြေးအဖြစ် လူတစ်ဦးလျှင် ရိုးရိုးတန်း ငွေကျပ် ၄ဝဝဝ နှင့်အထူးတန်း ငွေကျပ် ၆ဝဝဝ သတ်မှတ်ထားကြောင်းသိရသည်။ 
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger