www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 10, 2018

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ မြန်မာနိုင်ငံသို့ရောက်ရှိ

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ မြန်မာနိုင်ငံသို့ရောက်ရှိ
-
ရန်ကုန်   ဒီဇင်ဘာ   ၉
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆောင်ရွက်နိုင်ရန်   အမျိုးသား အစီအစဉ်တစ်ရပ်အနေဖြင့်   ဖွဲ့စည်းခဲ့သည့်   လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်း ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့်လက်ရှိအဖွဲ့ဝင် ဖြစ်သူ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလို သည်  ယနေ့ညနေ ၅ နာရီ ၅၅ မိနစ်တွင် လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင်ဖြစ်သူ လူသားချင်းစာနာ ထောက်ထားမှု ကိစ္စရပ်များဆိုင်ရာကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမားသည်  ယနေ့ညနေ၄ နာရီခွဲတွင် လည်းကောင်း မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသည်။
-
လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား နိုင်ငံခြားရေးဝန်ကြီး ဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊သံတမန်ရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။
-                   
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger