www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 10, 2018

ဟင်္သာတမြို့နှင့် ဗန်းမော်မြို့နယ်တို့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပ

ဟင်္သာတမြို့နှင့် ဗန်းမော်မြို့နယ်တို့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပ
-
ဟင်္သာတ ဒီဇင်ဘာ ၉
-
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဦးပါရဲဘုရားအနီး အားကစားကွင်း၌ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲ ကျင်းပကြောင်း သိရသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ဟင်္သာတမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးသန်းဝင်း(ငြိမ်း) ဦးစီး၍ ဟင်္သာတ၊ ဇလွန်၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း၊ လေးမျက်နှာမြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် အင်အား ၄ဝဝ ခန့်နှင့် တပ်မတော်ကို ချစ်မြတ်နိုးသူ ဒေသခံ ၂ဝဝ ခန့် စုစုပေါင်းအင်အား ၆ဝဝခန့်က နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်း အလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဓာတ်ပုံနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော် အင်အားချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ ပြည်သူကို ချစ်သော ပြည်သူကချစ်သော တပ်မတော် အောင်မြင် ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာတို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏အောက်လုံး အစီရင်ခံစာ အလိုမရှိဟူသော  ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ကြသည်။
-
အလားတူ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မြို့တော်ခန်းမရှေ့၌ ယနေ့ နံနက်ပိုင်းတွင် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးသူရခင်မောင်ညွန့်(ငြိမ်း) ဦးဆောင်သော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အရန်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ စုစုပေါင်း အင်အား ၄ဝဝ ဖြင့် တပ်မတော်ထောက်ခံပွဲ ကျင်းပသည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအဝင် ၁၄၂ ကြိမ် စုစုပေါင်း အင်အား ၇ဝ၃၄၆ဝ ဦးဖြင့်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger