www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 20, 2018

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာတက္ကသိုလ် အားကစားအသင်း အနေဖြင့် အဆင့် (၄)သာ ရရှိခဲ့

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာတက္ကသိုလ် အားကစားအသင်း အနေဖြင့် အဆင့် (၄)သာ ရရှိခဲ့
-
နေပြည်တော်  ဒီဇင်ဘာ  ၁၉
-
ပထမဆုံးအကြိမ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် (၁၉)ကြိမ်မြောက်  အရှေ့တောင်အာရှ တက္က သိုလ်များ အားကစားပြိုင်ပွဲကို  ဒီဇင်ဘာ  ၁ဝ ရက်မှ ၁၉ ရက်ထိ နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိအားကစားကွင်း/ ရုံအသီး သီး၌ အားကစားနည်း ၁၇ နည်း၊ အားကစားအမျိုးအစား ၂ဝ၁ မျိုးတို့ကို နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမား ၂ဝဝဝ ကျော်ဖြင့် ယှဉ်ပြိုင်ကစား ကြရာ မြန်မာနိုင်ငံအနေဖြင့် ပြိုင်ပွဲများအပြီးတွင် နိုင်ငံအလိုက်ရပ်တည်မှု အဆင့် (၄)နေရာ ရရှိခဲ့ကြောင်း သိရသည်။
-
အဆိုပါ အားကစားပြိုင်ပွဲတွင်   ထိုင်းတက္ကသိုလ် အားကစားအသင်းက ရွှေတံဆိပ် ၆၂ ခု၊ ငွေတံဆိပ် ၅၂ ခု၊ ကြေးတံ ဆိပ် ၃၈ ခု စုစုပေါင်းဆုတံဆိပ် ၁၅၂ ခုဖြင့် နိုင်ငံအလိုက် ရပ်တည်မှု ပထမနေရာရရှိသည်။  အင်ဒိုနီးရှား တက္ကသိုလ် အားကစား အသင်းက ရွှေတံဆိပ် ၄၄ ခု၊ ငွေတံဆိပ် ၃၉ ခု၊ ကြေးတံဆိပ် ၃ဝ ခု စုစုပေါင်း ၁၁၃ ခုဖြင့် နိုင်ငံအလိုက် ရပ်တည်မှု  ဒုတိယ နေရာ ရရှိသည်။ မလေးရှား တက္ကသိုလ် အားကစားအသင်းက ရွှေတံဆိပ် ၃၇ ခု၊ ငွေတံဆိပ် ၄၃ ခု၊ ကြေးတံဆိပ် ၄၉ ခု စုစုပေါင်း ၁၂၉ ခုဖြင့်  နိုင်ငံအလိုက် ရပ်တည်မှု တတိယနေရာရရှိသည်။
-
မြန်မာတက္ကသိုလ်လက်ရွေးစင်အားကစားသမားများတွင် မြန်မာတက္ကသိုလ် ဝူရှူးအဖွဲ့က  ရွှေတံဆိပ် ခြောက်ခု၊ ငွေတံ ဆိပ် ငါးခု၊ ကြေးတံဆိပ် ငါးခု ဆွတ်ခူးခဲ့ပြီး  အအောင်မြင်ဆုံး အားကစားအဖွဲ့ ဖြစ်ခဲ့သည်။ ရွှေတံဆိပ်ဆုများကို ဝူရှူး၊ ကရာတေးဒို၊ ဗိုဗီနမ်၊ ခြင်းလုံး၊ ရိုးရာလှေ၊ မြားပစ်၊ ပိုက်ကျော် ခြင်းနှင့် ဂေါက်သီးအားကစားနည်းများမှရရှိခဲ့ခြင်းဖြစ်သည်။  ကြက်တောင်၊ ဘတ်စကက်ဘောနှင့် စားပွဲတင်တင်းနစ်တို့တွင် ဆုတံဆိပ် နှင့်လွဲချော်ခဲ့ရသည်။ ဆုတံဆိပ်ရရှိမှု အနေ အထား ကိုကြည့်ပါက မြန်မာမှာ အိုလံပစ်အားကစားနည်းများတွင် အနည်းငယ်အားနည်းနေသည်ကိုတွေ့ရသည်။
-
မြန်မာ တက္ကသိုလ် အားကစားအသင်းသည် ရွှေတံဆိပ်အားလုံး၏ ၃ဝ ရာခိုင်နှုန်း (ရွှေတံဆိပ် အခု ၆ဝ)ကိုရယူရန် ရည်မှန်းချက် မပြည့်ဝခဲ့သော်လည်း အဆင့်(၅)အတွင်းဝင်ရန်  မျှော်မှန်းထားသည့်အတိုင်း  ဝင်ခဲ့သည်။ စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် ၂ဝ၁၆အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့စဉ်က မြန်မာတက္ကသိုလ် အားကစား အဖွဲ့မှာ ငွေတံဆိပ် (၁)ခုသာ ရခဲ့ပြီး နိုင်ငံအလိုက်အဆင့်(၁ဝ)တွင် ရပ်တည်ခဲ့သည်။ မိမိတို့ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရသည့်ယခု အကြိမ်တွင်ရွှေတံဆိပ်(၂၄)ခု၊ငွေတံဆိပ်(၂၆)ခု၊ကြေးတံဆိပ်(၂၉)ခုဖြင့်အဆင့်(၄)အထိ ရရှိ ခဲ့ခြင်းဖြစ်  ကြောင်းသိရသည်။
-
ဇော်မျိုး (နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger