www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 6, 2018

မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်းများ အတွက် စပေါ်ငွေနှင့် အကျယ်အဝန်း သတ်မှတ်ချက် ဖြေလျှော့ပေးရန် အစီအစဉ် မရှိဟုဆို

မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်းများ အတွက် စပေါ်ငွေနှင့် အကျယ်အဝန်း သတ်မှတ်ချက် ဖြေလျှော့ပေးရန် အစီအစဉ် မရှိဟုဆို
-
ရန်ကုန် ဒီဇင်ဘာ ၅
-
မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်းများအတွက် စပေါ်ငွေနှင့် အကျယ်အဝန်း သတ်မှတ်ချက်ကို ဖြေလျှော့ပေးရန် အစီအစဉ် မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
-
မော်တော်ယာဉ် အရောင်းစင်တာများနှင့် ပြခန်းများအတွက် သတ်မှတ်ချက်မှာ ရှိသင့်ရှိထိုက်သော သတ်မှတ်ချက်များဖြစ်၍ ဖြေလျှော့ပေးရန် အစီအစဉ် မရှိခြင်းဖြစ်ကြောင်း သိရသည်။
-
လက်ရှိတွင် Deposit တင်ထားသည့် ငွေများသည်လည်း အကျိုးအမြတ် ရှိနေပြီး ယင်းငွေများကို လုပ်ငန်းရှင်များ အနေဖြင့် ကြိုက်နှစ်သက်သည့် ဘဏ်များ၌ ထားခွင့်ပြုထားသဖြင့် နစ်နာမှု မရှိကြောင်းနှင့် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ့် ဖြန့်ဖြူး ရောင်းချသူများ အသင်းက မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်းများအတွက် စပေါ်ငွေနှင့် အကျယ်အဝန်း သတ်မှတ်ချက် ဖြေလျှော့ပေးရေး ကိစ္စနှင့်ပတ်သက်၍ တင်ပြထားမှုရှိနေသဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ထိခိုက်နစ်နာမှု မရှိသည့်အတွက် ဖြေလျှော့ပေးမည် မဟုတ်ကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်းမော်တော်ယာဉ် ဈေးကွက်အတွင်း မော်တော်ယာဉ် ရောင်းချရာတွင် အဆင်ပြေမှု ရှိစေရန် စီစဉ်ဆောင် ရွက်ပေးထားကြောင်း သိရသည်။
-
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ် အရောင်းစင်တာများနှင့် ပြခန်းများ ဖွင့်လှစ် နိုင်ရန် Deposit ငွေအဖြစ် ငွေကျပ် သိန်း ၁၅ဝဝ တင်ခိုင်းပြီး မြေနေရာ သတ်မှတ်ချက်တွင် မော်တော်ယာဉ် အရောင်းစင်တာများ ဖြစ်ပါက ၉ဝဝဝ စတုရန်းပေ၊ သိုလှောင်ရုံများ ဖြစ်ပါက ၅ဝဝဝ စတုရန်းပေနှင့် မော်တော်ယာဉ် အရောင်းပြခန်းများဖြစ်ပါက ၁၄ဝဝဝ စတုရန်းပေ အနည်းဆုံးရှိရမည်ဖြစ်သည်။
-
ယင်းအတွက် မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်ပေးထားပြီး မော်တော်ယာဉ် အရောင်းစင်တာများနှင့် ပြခန်းများအနေဖြင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက် ရမည်ဖြစ်သည်။
-
ပြည်တွင်းမော်တော်ယာဉ် ဈေးကွက်အတွင်း မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ သတ်မှတ်ချက်အရ ၂ဝ၁၈ ခုနှစ်မှစ၍ ဘယ်မောင်း မော်တော်ယာဉ်များကိုသာ တင်သွင်း ခွင့်ပြုခဲ့သည်။ ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် တင်သွင်းသော ဂျပန်နိုင်ငံထုတ် ညာမောင်းယာဉ်များ တင်သွင်းရောင်းချသည့် မော်တော်ယာဉ် အရောင်းစင်တာ ၂ဝဝ နီးပါး အနက် အရောင်းစင်တာ ၇ဝ နီးပါး ပိတ်သိမ်းခဲ့ရကြောင်းသိရသည်။ 
-
လက်ရှိတွင် ဘယ်မောင်းယာဉ်များသာ တင်သွင်းခွင့်ရှိသည့် အတွက် ညာမောင်းယာဉ်များ ကျန်ရှိနေသော မော်တော်ယာဉ် အရောင်းစင်တာများနှင့် ပြခန်းများသည် အရောင်းအဝယ်ပြုလုပ်ရာတွင်အခက်အခဲများ ရှိနေကြောင်း မော်တော်ယာဉ် ဈေးကွက်မှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger