www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 7, 2018

ဒလမြို့ နယ်ရှိ အခြေခံပညာ မူလတန်းကျောင်းများ၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

ဒလမြို့ နယ်ရှိ အခြေခံပညာ မူလတန်းကျောင်းများ၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်
-
နေပြည်တော် ဒီဇင်ဘာ ၆
-
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ အမှတ်(၁၆) အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် မြို့မ(၁၁/၁၄) ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒလတပ်နယ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးနေမှုများကို တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger