www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 7, 2018

မောင်တောမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃၈ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ နှစ်ဦး ဖမ်းဆီးရမိ

မောင်တောမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃၈ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ နှစ်ဦး ဖမ်းဆီးရမိ
-
နေပြည်တော် ဒီဇင်ဘာ ၆ 
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် မောင်တော-ဘူးသီးတောင်သွား ကားလမ်းပေါ်ရှိ (၆)မိုင် စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဘူးသီးတောင်မြို့ဘက်မှ မောင်တောမြို့ဘက်သို့ ညီမျိုးသန့်(ဘ) ဦးအောင်ကျော် မောင်းနှင်လာပြီး အာဇီဇူလောက်(ဘ) အဘူတာဟဲ လိုက်ပါလာသည့် NISSAN UD အမျိုးအစား ယာဉ်အမှတ်၊ YGN 2J/------- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် MAMA ခေါက်ဆွဲခြောက်ဖာများ အတွင်းမှ WY စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၄ဝ၂၅ဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၃၈ဝဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါမော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ပြင်ဖြူနယ်မြေ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger