www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 3, 2018

ထန်းတပင်မြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် အုတ်တွင်းမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ထန်းတပင်မြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် အုတ်တွင်းမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဒီဇင်ဘာ  ၂ 
-
ပဲခူးတိုင်းဒေသကြီး   ထန်းတပင်မြို့နယ် တပြေးကျေးရွာရှိ  ဒေသခံပြည်သူများအား ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်  နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၄ဝ၁ ဦးကို မျက်စိ ရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရေပြားရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ECG စက်ဖြင့် နှလုံး စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
-
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး တပြေးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တမာဏိတအား ဖူးမြော်၍ သင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။
-
အလားတူ ပန်းတောင်းမြို့နယ် တောင်ဘွေကျေးရွာနှင့် အုတ်တွင်းမြို့နယ် သာယာကုန်းကျေးရွာတို့ရှိ ဒေသခံပြည်သူများအား တိုင်းစစ်ဌာနချုပ်  နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဒေသခံပြည်သူ ၂ဝ၅ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ အရေပြားရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာများ အား  တောင်ငူမြို့နှင့်   ဥသျှစ်ပင်မြို့တို့ရှိ တပ်မတော်ဆေးရုံများသို့တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger