www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 3, 2018

မေတ္တာမြို့ တောင်သုံးလုံး ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မေတ္တာမြို့ တောင်သုံးလုံး ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဒီဇင်ဘာ  ၂
-
တနင်္သာရီတိုင်းဒေသကြီး မေတ္တာမြို့ တောင်သုံးလုံး ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေး ရွာများရှိ ဒေသခံပြည်သူများအား ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်  နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ အခြေခံပညာအထက် တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၂၇၂ ဦးကို နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ရောဂါ၊ ကလေးရောဂါ၊ သွားရောဂါ၊သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ် သည့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာများအား ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး  စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger