www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 18, 2018

ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် မလွတ်ကင်းသော စိုက်ခင်းများ အတွက် သီးနှံလျော်ကြေးငွေ ပေးအပ်

-
ခင်ဦး  ဒီဇင်ဘာ  ၁၇ 
-
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ၂၃ဝ  ကေဗွီ နဘား-ရွှေဘို-အုန်းတောဓာတ်အားလိုင်းတည်ဆောက်ရာတွင်  လိုင်းအူ ကြောင်း တစ်လျှောက် ဓာတ်အားလိုင်းနှင့်မလွတ် ကင်းသော နှစ်ရှည်သီးနှံပင်စိုက်ခင်းများ အတွက် သီးနှံလျော်ကြေးငွေ ပေးအပ်ပွဲကို  စစ်ကိုင်းတိုင်းဒေသကြီး   ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယမန်နေ့ က ကျင်းပသည်။ ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်တို့က  အမှာစကား ပြောကြား သည်။ 
-
ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက သီးနှံလျော်ကြေးငွေအဖြစ် ဖောင်ဒေးရှင်းကာလ၊ တိုင်ထောင်ကာလ၊ ကြိုးဆွဲ ကာလတို့တွင်  ဆောင်ရွက်နေမှုအတွက် ပေးလျော်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက်  လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန   ဓာတ်အားပို့လွှတ်ရေးစီမံကိန်း (မြောက်ပိုင်း) စီမံကိန်းမန်နေဂျာရုံး(၃) မန္တလေး စီမံကိန်း မန်နေဂျာက   ခင်ဦးမြို့နယ်တွင်  ထိခိုက်နစ်နာခဲ့သော   သီးနှံလျော်ကြေးနှင့်  စီမံကိန်းဆိုင်ရာ များကို    ရှင်းလင်း ပြောကြားသည်။ 
-
ဆက်လက်၍ တာဝန်ရှိသူများက အလယ် ကျေးရွာရှိ တောင်သူ ၁ဝဦးအတွက် လျော်ကြေးငွေကျပ် ၁၂၂၇၂၄၆ဝ၊ ညောင်ကန် ကျေးရွာရှိ တောင်သူကိုးဦးအတွက် လျော်ကြေးငွေကျပ် ၃၅၈၄၅၂ဝ၊ ကြို့ကန်ကျေးရွာ ရှိ တောင်သူ ၂၈ ဦးအတွက် လျော်ကြေး ငွေကျပ် ၁၆၆ဝ၁၅၂ဝ၊ ရှားလွင်ကျေးရွာရှိ တောင်သူငါးဦးအတွက် လျော်ကြေးငွေကျပ် ၈၂၁၇၄၂ဝ၊ ရွာသစ်ကျေးရွာရှိ တောင်သူ ငါးဦးအတွက် လျော်ကြေးငွေကျပ် ၂၁၅၆၅၂ဝတို့ကို  လွှဲပြောင်း ပေးအပ် ကြောင်း  သိရသည်။        
-
စိုးဝေအောင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger