www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 6, 2018

အလုပ်ရှင်နှင့် အလုပ်သမားကြား ကောင်းမွန်သော လုပ်ငန်းခွင် ဆက်ဆံရေး ရရှိစေရန် စက်မှုဇုန်များ၌ ပညာပေး အစီအစဉ်များ လုပ်ဆောင်မည်

အလုပ်ရှင်နှင့် အလုပ်သမားကြား ကောင်းမွန်သော လုပ်ငန်းခွင် ဆက်ဆံရေး ရရှိစေရန် စက်မှုဇုန်များ၌ ပညာပေး အစီအစဉ်များ လုပ်ဆောင်မည်
-
ရန်ကုန် ဒီဇင်ဘာ ၅
-
အလုပ်ရှင်နှင့် အလုပ်သမားများကြား ကောင်းမွန်သော လုပ်ငန်းခွင် ဆက်ဆံရေး ရရှိစေရန် ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းနှင့် မြောက်ပိုင်းခရိုင်ရှိ စက်မှုဇုန်များ၌ စုစည်းကာ ယခုလအတွင်း ပညာပေး အစီအစဉ်များ လုပ်ဆောင် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းထံမှ သိရသည်။
-
''လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ပန်း၊ ဒဂုံ(အရှေ့) စက်မှုဇုန်၊ ဒဂုံ(ဆိပ်ကမ်း) စက်မှုဇုန်တွေမှာ အရင်ဆုံး လုပ်ဆောင်မှာဖြစ်ပါတယ်''ဟု ဒေါက်တာအောင်သိန်းက ပြောသည်။
-
စက်မှုဇုန်များသို့ ကွင်းဆင်းကာ အလုပ်သမား ဥပဒေဆိုင်ရာ ကိစ္စများ၊ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး အပါအဝင် ကောင်းမွန်သော လုပ်ငန်းခွင် ဆက်ဆံရေး တည်ဆောက်နိုင်ရန် ယခုကဲ့သို့စီစဉ်ခြင်း ဖြစ်သည်။
-
''အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးကို ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင် ဆက်ဆံရေးရရှိဖို့ စက်မှုဇုန်တွေအထိ ကွင်းဆင်းပညာပေး ဆွေးနွေးမှာပါ။ တစ်ဖက်မှာလည်း စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ နည်းပညာပိုင်း ဆိုင်ရာ၊ စက်ပစ္စည်းပိုင်း ဆိုင်ရာတွေ အပါအဝင် လိုအပ်တဲ့အကြံဉာဏ်၊ ဝန်ဆောင်မှုပိုင်း ဆိုင်ရာတွေကို ကွင်းဆင်းပြီး လုပ်ဆောင်မှာပါ''ဟု ဒေါက်တာအောင်သိန်း ကပြောသည်။
-
ထို့ပြင် စက်မှုလုပ်ငန်းရှင်များ သိသင့်သိထိုက်သော ဥပဒေ၊ လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ၊ နောက်ဆုံး ထုတ်ပြန်ထားသည့် ဥပဒေများ၊ အခြေအနေများနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်များကို ကွင်းဆင်းပညာပေး ဟောပြောမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger