www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 6, 2018

သတ္တမအကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကျင်းပ

သတ္တမအကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကျင်းပ
-
နေပြည်တော် ဒီဇင်ဘာ  ၅
-
သတ္တမအကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ''မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ခြင်း'' ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ  Park Royal ဟိုတယ်၌ ကျင်းပသည်။
-
ညီလာခံသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကား ပြောကြားသည်။
-
အလားတူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)မှ ဌာနေကိုယ်စားလှယ် Ms. Min Jeong Kim နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင် သံအမတ်ကြီး H.E. Mr. Staffan Herrstromတို့က အမှာစကား ပြောကြားကြသည်။
-
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရာ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးမှ လွတ်လပ်စွာပြောဆို ထုတ်ဖော်ရေးသားခွင့်နှင့် သတင်းအချက်အလက်များ လွတ်လပ်စွာ ရယူခွင့်သို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ၏ ရုပ်/သံလွှင့် မီဒီယာများ၊ ဥပဒေ၊ နည်းဥပဒေနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မီဒီယာနှင့် သတင်းသမားများ၏ လုံခြုံရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒစ်ဂျစ်တယ်ကူးပြောင်းသည့် အခင်းအကျင်းတွင် ပြည်တွင်းမီဒီယာများ ရှင်သန်ရပ်တည်ရေးနှင့် ရေရှည်တည်တံ့ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြသည်။
-
မီဒီယာဖွံ့ဖြိုး တိုးတက်ရေး ညီလာခံများကိုခြောက်ကြိမ် ကျင်းပပြီးစီးခဲ့ပြီး ပထမအကြိမ်အဖြစ် ၂ဝ၁၂ ခုနှစ် မတ် ၁၉ ရက်မှ ၂ဝ ရက်အထိ လည်းကောင်း၊ ဒုတိယအကြိမ်ကို ၂ဝ၁၃ ခုနှစ် မေ ၂ဝ ရက်မှ ၂၁ ရက်အထိ လည်းကောင်း၊ တတိယအကြိမ်ကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှ ၁၁ ရက်အထိ လည်းကောင်း၊ ပဉ္စမအကြိမ်ကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၈ ရက်အထိလည်းကောင်း၊ ဆဋ္ဌမအကြိမ်ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၈ ရက်အထိလည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။
-
ညပိုင်းတွင်ညီလာခံ တက်ရောက်ကြသူများ ကို  မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံရုံးက ညစာဖြင့် တည်ခင်း ဧည့်ခံသည်။ 
-
(၅ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger