www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 19, 2018

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စရပ်များ ဆွေးနွေး

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စရပ်များ ဆွေးနွေး
-
နေပြည်တော် ဒီဇင်ဘာ ၁၈
-
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri အား ယနေ့နံနက်  ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
-
တွေ့ဆုံစဉ် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏  ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး နှင့်  ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊   ရင်းနှီး မြှုပ်နှံမှုနှင့် ခရီးသွား ကဏ္ဍ မြှင့်တင်ရေး၊ ကျန်းမာရေး၊ သိပ္ပံနည်းပညာနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များ၊ အိန္ဒိယ သမ္မတနိုင်ငံသို့ ပဲမျိုးစုံ တင်ပို့နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger