www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 13, 2018

လွိုင်ကော်မြို့၌ တပ်မတော် နယ်လှည့် ပြည်သူ့ဆက်ဆံရေး တပ်ခွဲ တင်ဆက်ကပြ ဖျော်ဖြေ

လွိုင်ကော်မြို့၌ တပ်မတော် နယ်လှည့် ပြည်သူ့ဆက်ဆံရေး တပ်ခွဲ တင်ဆက်ကပြ ဖျော်ဖြေ
-
နေပြည်တော်  ဒီဇင်ဘာ  ၁၂ 
-
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲသည်   ဒီဇင်ဘာ ၁၁ ရက် ညပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာတောင်တော်၊ တောင်ကွဲစေတီ အနီးရှိ မိုးကောင်းဘုရားကြီးဝင်း အတွင်း၌ ကပြဖျော်ဖြေသည်။ထိုသို့ ကပြဖျော်ဖြေမှုများကို လွိုင်ကော်မြို့ပေါ်ရပ်ကွက်များမှ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊   ခရီးသွား ဧည့်ပရိသတ်များ၊  တပ်မတော်သားများနှင့် မိသားစုဝင်များ  စုစုပေါင်းအင်အား  ၁၁ဝဝ ဦးခန့် စိတ်ဝင်တစား တစ်ခဲနက်လာရောက် ကြည့်ရှု အားပေးကြသည်။
-
နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ စစ်သည်၊ စစ်သမီးများနှင့်အတူ ဒေသခံ တိုင်းရင်းသား ကယား၊ ကယန်း၊ ကယောရိုးရာ/ ယဉ်ကျေးမှုအဖွဲ့များကလည်း  ရိုးရာအက အလှများဖြင့် ပူးပေါင်းပါဝင်ဆင်နွှဲ တင်ဆက်ကြသည်။ အလားတူ ဒီဇင်ဘာ ၄ ရက်တွင်လည်း ဒေသခံပြည်သူများ လွတ်လပ်စွာ စိတ်အပန်းဖြေ အနားယူကြည့်ရှုနိုင်ရန် ဖျော်ဖြေတင်ဆက်ရာတွင် နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ၊ ကျောပိုးအိတ်အဖွဲ့ငယ်မှ စစ်သည်၊ စစ်သမီးများက တိုင်းရင်းသား အကများ အပါအဝင် ဖျော်ဖြေရေး အစီအစဉ် ၃၆ ခုဖြင့် ကပြဖျော်ဖြေမှုကို ဒေသခံပြည်သူများကလွန်စွာသဘောကျ နှစ်သက်အားပေးခဲ့ကြောင်း  သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger