www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2018

ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပ

ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပ
-
ရန်ကုန်  ဒီဇင်ဘာ  ၃ 
-
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို  ယနေ့တွင်  ရန်ကုန်မြို့ ကန်တော်ကြီး ဥယျာဉ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ   မသန်စွမ်းသူများနှင့် မိဘ ၆ဝဝ   ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
-
''အခမ်းအနားကို ရန်ကုန်မြို့ပေါ်မှာရှိတဲ့  မသန်စွမ်းကျောင်းက ကလေးတွေနဲ့ သူတို့ရဲ့ မိဘတွေ တက်ရောက်ကြပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းမှာ  မသန်စွမ်းသူတွေရဲ့ အခွင့်အရေးရပိုင်ခွင့်ကို   ပြည်သူတွေ မသိကြသေးပါဘူး။  သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေနဲ့  NGO တွေကတော့ နည်းနည်း သတိထားလာကြပြီ။မသန်စွမ်းတွေ တကယ်လိုအပ်နေတာက  သူတို့ရဲ့ မွေးရာပါ အခွင့်အရေးကို တခြားသူတွေလို တန်းတူခံစားနိုင်ဖို့ပါ။  မြန်မာ့ လူ့အဖွဲ့အစည်းမှာ မသန်စွမ်းတွေကို  သနားတယ်၊ကူညီကြတယ်၊   ဒါကြောင့် လူတွေက မသန်စွမ်းတွေကို သနားစရာကောင်းတယ်ဆိုတဲ့ အသိနဲ့ ချဉ်းကပ်မှုက မှားနေတယ်လို့ ပြောချင်တယ်။သူတို့ကိုလည်း ပညာသင်ယူခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်တွေ  ဖန်တီးပေးဖို့ လိုပါတယ်'' ဟု ဧဒင်မသန်စွမ်း သက်ငယ်များ ပြုစုရာရိပ်မြုံမှ  မန်နေးဂျင်းဒါရိုက်တာ ဦးထာအုပ် ကပြောသည်။
-
အခမ်းအနားတွင် ရန်ကုန် အနောက်ပိုင်း ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပေးပို့ထားသော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
-
ဆက်လက်၍ ရန်ကုန်မြို့ပေါ်ရှိ မသန်စွမ်းကျောင်း အသီးသီးမှ မသန်စွမ်းကလေးများက သီချင်းသီဆိုခြင်း၊ ဒုံးယိမ်းညအက၊ ကိုရီးယားသီချင်း၊ တေးသရုပ်ဖော် အကများဖြင့် ဖျော်ဖြေခြင်းနှင့် ဂိမ်းကစားသည့် အစီအစဉ်များ ပြုလုပ်ကြ သည်။ ညနေပိုင်းတွင် စောအောင်မျိုး၊ စောဖိုးခွား၊ နော်အယ်စတာဒွေးတို့က  တက်ရောက် လာကြသော ဧည့်ပရိသတ်များအား တေးသီချင်းများဖြင့် ဖျော်ဖြေကြကြောင်း သိရသည်။
-
ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အတွက် ကုလသမဂ္ဂမှ ထုတ်ပြန်သော  ဆောင်ပုဒ်သည်  အားလုံးတူညီ အခွင့်အရေးရရှိရေး  မသန်စွမ်းသူများ အစွမ်းမြှင့်တင်ပေး  ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger