www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2018

မန္တလေးမြို့၌ YADANARBON MODEL AIR FESTIVAL (2018) ကျင်းပမည်

မန္တလေးမြို့၌ Yadanarbon Model Air Festival (2018) ကျင်းပမည်
-
မန္တလေး ဒီဇင်ဘာ ၃ 
-
မြန်မာနိုင်ငံ လေကြောင်း ဝါသနာရှင်များ အသင်းက ကြီးမှူး၍ Yadanarbon Model Air Festival (2018)  ကို မန္တလေးတိုင်း ဒေသကြီး  မန္တလေးမြို့  ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ချမ်းမြသာစည် လေယာဉ်ကွင်း၌ ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
-
ရတနာပုံအဝေးထိန်း လေယာဉ်ပုံစံငယ် လေကြောင်းပြပွဲတွင် လေကြောင်း ဗဟုသုတ များစွာပေးမည့် ပြခန်းများ၊အဝေးထိန်းလေယာဉ် ဆက်စပ်ပစ္စည်းများ၊ လေကြောင်း အမှတ်တရ ပစ္စည်းများနှင့် Pilot Talk Show အစီအစဉ်များ ထည့်သွင်းပြသမည်ဖြစ်သည်။
-
မြန်မာနိုင်ငံ အရပ်ရပ်မှ လေယာဉ်ပုံစံငယ် ပျံသန်းခြင်းကို အထူးဝါသနာပါသူများ၊ စွန့်ဦးတီထွင် ဝါသနာရှင်များ ပါဝင်ဆင်နွှဲမည်ဖြစ်ပြီး ချမ်းမြသာစည် လေဆိပ်ဝန်းကျင် စိတ်ဝင်စားဖွယ် အကောင်းဆုံး  ပျံသန်းပြသနိုင်ရန်  စီစဉ် ထားကြောင်းမြန်မာနိုင်ငံ လေကြောင်း ဝါသနာရှင်များ အသင်း ဥက္ကဋ္ဌ ကပြောသည်။
-
ရတနာပုံလေယာဉ် ပုံစံငယ်ပြပွဲပြိုင်ပွဲသို့ မြန်မာနိုင်ငံအရပ်ရပ်မှ လေယာဉ်ပုံစံငယ် ပျံသန်းခြင်း အထူးဝါသနာပါသူ ၇ဝ ခန့် ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး  ပြိုင်ပွဲ အမျိုးအစား အလိုက် ဆုတံဆိပ်နှင့် ဆုများ ပေးအပ်မည်ဖြစ်သည်။
-
ထို့ပြင် လာရောက်ကြည့်ရှုသူများ ပျော်ရွှင်ကြည်နူးမှု ရရှိစေရန် တေးဂီတ ဖျော်ဖြေပွဲပါ ထည့်သွင်းကျင်းပ ပေးမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger