ရန်ကုန် နိုဝင်ဘာ ၇
-
မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ကမ္ဘာနှင့်အညီ ရင်ပေါင်တန်းနိုင်ရန် ခြေလှမ်းတစ်ခု အစပြု သည့်အနေဖြင့် ရန်ကုန်မြို့ရှိ ဝန်ကြီးများ ရုံးဟောင်းနှင့် Harrow Education တို့ ပူးပေါင်း၍ Centre of Excellence အမည်ဖြင့် စင်တာတစ်ခု တည်ထောင်မည်ဖြစ်ကြောင်း သိရသည်။
-
''Centre of Excellence ကနေ အရင်သင်ကြား ပေးနေကျပုံစံကို ပိုမိုထိရောက်မှုရှိအောင် ပြင်ဆင်ထားတဲ့ သင်ကြားနည်းစနစ်အသစ်တွေနဲ့ ပညာရေးကဏ္ဍ အတွေးအခေါ်သစ်တွေကို လမ်းညွှန်ပေးမှာပါ'' ဟု Secretariat Centre of Excellence မှ သင်ရိုးညွှန်းတမ်းနှင့် ပညာရေးဆိုင်ရာ ဒါရိုက်တာ Robert Price ကပြောသည်။
-
Harrow Education နှင့် ပူးပေါင်းဆောင်ရွက်ရခြင်းသည် ဝန်ကြီးများ ရုံးဟောင်း၏ မြန်မာနိုင်ငံ ပညာရေး ကဏ္ဍအပေါ် ထားရှိသည့် လေးနက်သော သဘောထားကို ပြသလိုက် သည့် သဘောထား လည်းဖြစ်သည်။
-
အဆိုပါ ပညာရေးစင်တာကို ကမ္ဘာ့ဒစ်ဂျစ်တယ် ခေတ်စနစ်သစ်နှင့်အညီ သင်ကြားပေးနိုင် သော မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး သင်ကြားရေး စင်တာကြီး တစ်ခုဖြစ်လာစေရန် မျှော်မှန်းလုပ်ဆောင်သွားမည်ဖြစ်သည်။
-
Harrow Education သည် ဝန်ကြီးများရုံးဟောင်းနေရာ၌ သင်ကြားပေးရန် စီစဉ်ထားပြီး ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံမည် ဖြစ်ကြောင်း သိရသည်။
-
Kaykay
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment