www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 8, 2018

ပြောင်းသီးနှံကို မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကိုတာစနစ်ဖြင့် တင်ပို့ခွင့်ပြုနေ

ပြောင်းသီးနှံကို မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကိုတာစနစ်ဖြင့် တင်ပို့ခွင့်ပြုနေ
မူဆယ် နိုဝင်ဘာ ၇ 
-
မူဆယ်(၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေဇုန်မှတစ်ဆင့် တင်ပို့နေသည့် ဆန်၊ သကြား စသည့် လယ်ယာ ထွက်ကုန်များအား တရုတ်နိုင်ငံမှ ဝယ်ယူမှု ခေတ္တရပ်နားထားသော်လည်း ပြောင်း သီးနှံအား ကိုတာစနစ်ဖြင့် ဝယ်ယူလျက်ရှိကြောင်း ကုန်သည်များထံမှ သိရသည်။

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပြောင်းတင်ပို့မှုနှင့် ပတ်သက်၍ ကိုတာစနစ်ဖြင့် သတ်မှတ် ထားရာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မူဆယ်(၁ဝ၅)မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်အတွက် တန်ချိန် ၁၆ဝဝဝ ခန့်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းအတွက် တန်ချိန် ၁ဝဝဝဝ ခန့် တင်သွင်းခွင့် ပြုထားကြောင်း သိရသည်။
-
အဆိုပါ ကိုတာစနစ်မှာ တရုတ်နိုင်ငံ၏ တရားဝင်ခွင့်ပြုချက်ဖြစ်ပြီး ပြည်တွင်း ထုတ်လုပ်မှုများ လျော့နည်း သွားနိုင်ခြင်းနှင့် ဈေးနှုန်းမြင့်တက် လာနိုင်ခြင်းတို့ကြောင့် ကိုတာ အရေအတွက်ကို တန်ချိန် ၂၆ဝဝဝ သာ ခွင့်ပြုထားခြင်းဖြစ်သည်။
-
မြန်မာနိုင်ငံမှထွက်ရှိသည့် ပြောင်းကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ မလေးရှား နှင့်ဟောင် ကောင် စသည့် နိုင်ငံပေါင်း ကိုးနိုင်ငံသို့ တင်ပို့ပြီး တင်ပို့မှု၏ ၉၈ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။
-
တရုတ်နိုင်ငံသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများမှထွက်ရှိသည့် ပြောင်းများကို မူဆယ် (၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေးဇုန် မှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
-
ဖြိုးလွင်အောင်(AMIA)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

Follow on Twitter

Networkblog

FB Like page

Powered By Blogger