www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 29, 2018

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ အလိုတော်ပြည့် ဘုရားပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ အလိုတော်ပြည့် ဘုရားပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်
-
ညောင်ဦး  နိုဝင်ဘာ ၂၈ 
-
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ  အလိုတော်ပြည့်ဘုရား ပွဲတော်ကြီးကို  ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် အလိုတော်ပြည့် ဆရာတော်ကြီးနှင့် ဂေါပကအဖွဲ့ဝင်များက ဦးဆောင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့ထံမှသိရသည်။
-
အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကြီးအား အမြို့မြို့အနယ်နယ်မှ ဆွမ်း၊ရေချမ်း၊ သစ်သီး၊ ပန်း၊ ဆီမီး ၅ဝဝဝ စီဖြင့် ဗုဒ္ဓပူဇနိယ ထီးဖြူတော်ဖွင့် အခမ်းအနားဖြင့် လှူဒါန်းပူဇော်မည်ဖြစ်သည်။
-
ထို့ပြင်   ပင့်သံဃာ ၅၂၈ ပါးတို့အား တစ်ပါးလျှင် နဝကမ္မဝတ္ထုငွေကျပ် ၁ဝဝဝဝ ဖြင့်ငွေပဒေသာပင်များ  လှူဒါန်း ပူဇော်မည်ဖြစ်သည်။ 
-
အဆိုပါ ဘုရားပွဲတော်ရက် အတွင်း  မြန်မာ့ရိုးရာအငြိမ့်၊ ဇာတ်ပွဲ၊ မီးပုံးပျံ လွှတ်တင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger