www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 29, 2018

မှော်ယောကြီး ဆင်စခန်းရှိ ဆင်များမှ ဂျပန်နိုင်ငံသို့ ဆင်လေးကောင်နှင့် ရုရှားနိုင်ငံသို့ ဆင်သုံးကောင်ပို့ရန် စီစဉ်နေ

မှော်ယောကြီး ဆင်စခန်းရှိ ဆင်များမှ ဂျပန်နိုင်ငံသို့ ဆင်လေးကောင်နှင့် ရုရှားနိုင်ငံသို့ ဆင်သုံးကောင်ပို့ရန် စီစဉ်နေ
-
ကညွတ်ကွင်း  နိုဝင်ဘာ ၂၈ 
-
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အမြန်လမ်း ၁ဝ၅ မိုင် ၄ ဖာလုံတွင်ရှိသည့် မှော်ယောကြီး ဆင်စခန်းရှိ ဆင်များထဲမှ ဂျပန်နိုင်ငံသို့ ဆင်လေးကောင်နှင့် ရုရှားနိုင်ငံသို့  ဆင်သုံးကောင်ပို့ရန်  စီစဉ်နေကြောင်း မှော်ယောကြီး ဆင်စခန်းတာဝန်ခံထံမှ သိရသည်။
-
ဂျပန်နိုင်ငံသို့ ပေးပို့မည့် ဆင်များမှာ ဂျပန်- မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အတွက်ဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်တွင် တင်ပို့သွားမည်ဖြစ်ကာ ရုရှားသို့ပေးပို့မည့် ဆင်များမှာ ပေးပို့ရမည့် ရက်နှင့် အကြောင်းအရာကို   မသိရသေးကြောင်း သိရသည်။
-
''ဂျပန်နိုင်ငံကို   နှစ်နိုင်ငံချစ်ကြည်ရေး အနေနဲ့ပို့ရမယ့် ဆင်လေးကောင်နဲ့ ရုရှားကို ပို့ရမယ့် ဆင်သုံးကောင်ရှိပါတယ်။ အခုလေ့ကျင့် သင်ကြားပေးနေပါတယ်။ ဂျပန်ပို့မယ့် ဆင်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်း ကစပြီး  လေ့ကျင့်သင်ကြားပေးနေတာပါ။ ရုရှားပို့မယ့် ဆင်ကတော့ လေ့ကျင့်တာ သုံးလလောက်ပဲ ရှိပါသေးတယ်။   ဂျပန်ကို နိုဝင်ဘာ ၂၉ ရက် စပို့မှာပါ။ ရုရှားကတော့  ပို့မယ့်အစီအစဉ် ရေးဆွဲနေတုန်းပဲ ရှိသေးတယ်။
-
မှော်ယောကြီးဆင်စခန်းကနေ ရန်ကုန်လေဆိပ်ကို ကားနဲ့ပို့မယ်။ ရန်ကုန်လေဆိပ်ကနေ ဂျပန်ကိုလေယာဉ် လမ်းကြောင်းနဲ့ သယ်သွားမယ်''ဟု မှော်ယောကြီး ဆင်စခန်းမှ တာဝန်ခံလက်ထောက်မန်နေဂျာ ဦးကျော်ကျော်ထွန်း ကပြောသည်။
-
အဆိုပါ  ဆင်စခန်းတွင် လက်ရှိဆင် ၂၈ ကောင်ရှိရာ ဂျပန်နိုင်ငံသို့ ပို့ဆောင်မည့် ဆင်များမှာ ၅ နှစ်သား တစ်ကောင်၊ ၁၅ နှစ်သား သုံးကောင်ဖြစ်ပြီး ရုရှားသို့ပို့ရန် စီစဉ်နေသည့် ဆင်သုံးကောင်မှာ ၄ နှစ်သား ဝန်းကျင်များ ဖြစ်ကြောင်း သိရသည်။
-
ဆင်များကို စခန်းသွင်း လေ့ကျင့်ရာတွင်  တစ်နိုင်ငံနှင့် တစ်နိုင်ငံ သယ်ယူရာ၌   ဆင်လှောင်အိမ် အတွင်းသို့  အလွယ်တကူ ဝင်ရောက်တတ်စေရန်၊ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ရာတွင် အလွယ်တကူ လိုက်ပါစီးနင်း တတ်စေရန်၊ အကျင့်စရိုက် ကောင်းမွန်ကာ လိမ္မာယဉ်ကျေးပြီး အမိန့်နာခံနိုင်စေရန် လေ့ကျင့်သင်ကြား နေကြောင်း သိရသည်။
-
မှော်ယောကြီး ဆင်စခန်းကို ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင်   စတင်ဖွင့်လှစ်ပေးခဲ့ရာ   လက်ရှိတွင်  နိုင်ငံခြား ခရီးသွားများလည်း   ဝင်ရောက်လည်ပတ်လျက် ရှိကြောင်း   သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger