www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 30, 2018

ကျန်စစ်မင်းအိမ်ရာမှ အိမ်ရာ ၂၄ လုံးကို ဒီဇင်ဘာလအတွင်း ရောင်းချပေးရန် စီစဉ်

ကျန်စစ်မင်းအိမ်ရာမှ အိမ်ရာ ၂၄ လုံးကို ဒီဇင်ဘာလအတွင်း ရောင်းချပေးရန် စီစဉ်
-
ရန်ကုန်  နိုဝင်ဘာ  ၂၉
-
ရန်ကုန်တိုင်းဒေသကြီး၌    အကောင်အထည် ဖော်လျက်ရှိသော တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများအနက် ကျန်စစ်မင်း အိမ်ရာအတွင်းမှ အိမ်ရာ ၂၄ လုံးကို ဒီဇင်ဘာလအတွင်း  ရောင်းချရန် စီစဉ်နေကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန မူဝါဒနှင့် စီမံကိန်းဌာနမှ သိရသည်။
-
အဆိုပါအိမ်ရာများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ၍   ပြည်သူများ၏ အိမ်ရာအခန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် အနေဖြင့် တည်ဆောက်ပေးနေခြင်း ဖြစ်သည်။ တည်ဆောက်ပြီးစီးသော  အိမ်ရာများကို ဆက်လက်ရောင်းချ ပေးမည်ဖြစ်ပြီး   လက်ရှိတွင်    ကျန်စစ်မင်း အိမ်ရာအတွင်း  အိမ်ရာအခန်းများ တည်ဆောက်မှု ပြီးစီးနေ ပြီဖြစ်သည့်အတွက်    ဒီဇင်ဘာလအတွင်း ရောင်းချပေးရန် စီစဉ်နေခြင်းဖြစ်သည်။
-
တည်ဆောက်ပြီးစီးသည့် အခန်းများကို ဆောက်လုပ်ရေး၊အိမ်ရာနှင့်  အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်(CHID Bank) နှင့် ချိတ်ဆက် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ထို့ပြင်  ယုဇနအိမ်ရာ အပိုင်း (၁) နှင့် (၂ )ရှိ   ရောင်းချရန် ကျန်ရှိနေသော အခန်းများကိုလည်း CHID ဘဏ်နှင့် ချိတ်ဆက်ပြီး မဲစနစ်ဖြင့် ထပ်မံရောင်းချပေးရန် ရှိကြောင်း သိရသည်။
-
ယခုဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အိမ်ရာစီမံကိန်းသစ်များ ထပ်မံဖော်ဆောင်မည် မဟုတ်ဘဲ လက်ရှိ ဆောင်ရွက်နေသော   စီမံကိန်းများကိုသာ ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊  မဲစနစ်ဖြင့် ရောင်းချပေးမှုများတွင်  အိမ်ရာ ဝယ်ယူရန် မဲရရှိထားသော်လည်း လိုချင်သော အခန်းမရသဖြင့် လာဆက်သွယ်ခြင်း မရှိသည့် အခြေအနေများလည်း ရှိကြောင်း သိရသည်။
-
ယခုဘဏ္ဍာနှစ်အတွင်း  ရန်ကုန်တိုင်း ဒေသကြီး၌  တန်ဖိုးနည်းနှင့်  တန်ဖိုးသင့် အိမ်ရာရောင်းချရန်  ထောင်ချီ၍ ကျန်ရှိနေသေးပြီး ယင်းတို့ကိုလည်း  ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒဂုံ(တောင်ပိုင်း)မြို့နယ်ရှိ ရိုးမအိမ်ရာမှ အခန်းပေါင်း ၃ဝဝဝ ကျော်နှင့်  အောင်မြင့်မိုရ်အိမ်ရာမှ အခန်းများကိုလည်း ယခုဘဏ္ဍာနှစ်အတွင်း  ရောင်းချပေးရန်ရှိကြောင်း   သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger