www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 30, 2018

ကျောင်းပေါင်းစုံ အမျိုးသား အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကျောင်းပေါင်းစုံ အမျိုးသား အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
-
မြိတ်  နိုဝင်ဘာ  ၂၉
-
အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် Township Sports Development Program အစီအစဉ်ဖြင့် ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ခရိုင် အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
-
ရှေးဦးစွာ ဗိုလ်လုပွဲကျင်းပရာ အမျိုးသမီး ပြိုင်ပွဲတွင် အောင်မင်္ဂလာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အသင်းနှင့် ကျွဲကူးအခြေခံ ပညာ အထက်တန်းကျောင်း အသင်းတို့ ယှဉ်ပြိုင်ကြရာ အောင်မင်္ဂလာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အသင်းက နှစ်ပွဲပြတ်ဖြင့်  အနိုင်ရရှိခဲ့ပြီး အမျိုးသားပြိုင်ပွဲတွင် အင်္ဂမော် အခြေခံပညာ အထက်တန်းကျောင်း အသင်းနှင့် ရွှေပေးအခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အသင်းတို့ ယှဉ်ပြိုင်ကြရာ ရွှေပေးအခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။
-
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများ၊ အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများအား ငွေသားဆုနှင့် ဆုများကို တာဝန်ရှိသူများက ပေးအပ်ကြပြီး အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲတို့တွင် ပထမဆုရရှိသော အသင်းတို့အား မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌ ကိုယ်စား  မြို့နယ်ဒုတိယ ပညာရေးမှူး ဦးခင်အေးနှင့်  မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းတို့က ပေးအပ်ကြသည်။
-
ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို အမျိုးသား အသင်း၁၆ သင်း၊ အမျိုးသမီးအသင်း ၁၄ သင်း၊ ပြိုင်ပွဲဝင် အားကစားသမား ၁၂ဝ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger