www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 28, 2018

ကော့မှူးမြို့နယ်မှ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့ ပြေးဆွဲမည့် ကျောင်းကြို/ပို့ ယာဉ်ကို ဒီဇင်ဘာ ၃ ရက်မှ စတင်ပြေးဆွဲမည်

ကော့မှူးမြို့နယ်မှ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့ ပြေးဆွဲမည့် ကျောင်းကြို/ပို့ ယာဉ်ကို ဒီဇင်ဘာ ၃ ရက်မှ စတင်ပြေးဆွဲမည်
-
ရန်ကုန်   နိုဝင်ဘာ  ၂၇ 
-
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ ပြေးဆွဲမည့် ကျောင်းကြို /ပို့ယာဉ်ကို ဒီဇင်ဘာ ၃ ရက်မှ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း စံဝေလ အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ သိရသည်။
-
ကော့မှူးမြို့နယ်မှ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့  သွားရောက်ပညာ သင်ကြား နေသော  ကျောင်းသား၊  ကျောင်းသူများ   သွားလာရေး အခက်အခဲမရှိစေရန် ယင်းကဲ့သို့ ကျောင်းကြို/ပို့ယာဉ် ပြေးဆွဲပေးခြင်းဖြစ်သည်။   ပြီးခဲ့သည့်    ပညာသင်နှစ်ဝက်ကလည်း  ကော့မှူးမြို့နယ်မှ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့  ရွှေတောင်ပိုင်း ကုမ္ပဏီက YBS ၅ဝ ယာဉ်လိုင်းဖြင့်  တာဝန်ယူပြေးဆွဲ ပေးခဲ့ပြီး  ယခုအခါ ထပ်မံပြေးဆွဲရန် စီစဉ်ခြင်းဖြစ်သည်။ 
-
ပြေးဆွဲပေးမည့် ကျောင်းကြို/ပို့ယာဉ်တွင်လည်း  ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ စီးနင်းနိုင်စေရေး အဲကွန်းများ တပ်ဆင်ပြီး လုံခြုံစိတ်ချမှုရှိစေရန် CCTV ကင်မရာများကိုလည်း တပ်ဆင်ထားမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအတွက် သီးသန့်ပြေးဆွဲမည့် ကျောင်းကြို/ပို့ယာဉ်ကို လူဦးရေ ၄၅ ဦး ဆံ့သည့် မော်တော်ယာဉ်များဖြင့် ပြေးဆွဲမည်ဖြစ်ပြီး မတ်တတ်ရပ်ခရီးသည် တင်ဆောင်မည် မဟုတ်ကြောင်း သိရသည်။လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့  သွားရောက်သင်ကြားရာတွင် အသွားအပြန်  ငွေကျပ်  ၂ဝဝဝ  နီးပါး ကုန်ကျမှု ရှိနေပြီး  ကျောင်းကြို/ပို့ယာဉ် ပြေးဆွဲခြင်းဖြင့်  ကုန်ကျစရိတ် လျှော့ချပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။
-
စံဝေလအများနှင့် သက်ဆိုင်သောကုမ္ပဏီ အနေဖြင့် ကျောင်းကြို/ပို့ယာဉ် ပြေးဆွဲပေးရာတွင် ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် အသွားအပြန် ငွေကျပ် ၁၄ဝဝ ဖြင့်ပြေးဆွဲ ပေးမည်ဖြစ်သည်။ကော့မှူးမြို့နယ်မှ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်သို့ သွားသည့် လမ်းတစ်လျှောက်၌ ပုံမှန်အားဖြင့် စီးနင်းသော ကျောင်းသား၊ကျောင်းသူများ အတွက်   မော်တော်ယာဉ် အခက်အခဲများ    ဖြစ်ပေါ်လျက်ရှိကြောင်း၊ယင်းအတွက် အဆင်ပြေစွာ စီးနင်းနိုင်စေ ရန်    ကျောင်းကြို/ပို့ယာဉ်များ ပြေးဆွဲပေးခြင်းဖြစ်ကြောင်း  သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger