www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 26, 2018

ဒက္ခိဏ သီရိမြို့နယ် ကျားကူး အနောက်ကျေးရွာ ဘက်စုံဖွံ့ ဖြိုးရေး ကျေးရွာသစ် စီမံကိန်း လုပ်ငန်း ပြီးစီးမှုဖွင့် ပွဲကျင်း ပ

ဒက္ခိဏ သီရိမြို့နယ် ကျားကူး အနောက်ကျေးရွာ ဘက်စုံဖွံ့ ဖြိုးရေး ကျေးရွာသစ် စီမံကိန်း လုပ်ငန်း ပြီးစီးမှုဖွင့် ပွဲကျင်း ပ
-
နေပြည်တော် နိုဝင်ဘာ ၂၅ 
-
ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ ကူညီထောက်ပံ့မှုဖြင့် ဆောင်ရွက်သော ကျေးရွာ ရွာလယ်ကွန်ကရစ်လမ်း၊ ရေမြောင်း၊ ရွာ ခြံစည်းရိုးနှင့် ရွာအဝင် ဆိုင်းဘုတ် ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရွာမအုပ်စု ကျားကူး အနောက်ကျေးရွာဘက်စုံ ဖွံ့ဖြိုးရေး ခန်းမဆောင်၌ ကျင်းပသည်။
-
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီ နယ်မြေ စိုက် ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးကကျေးရွာနေ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု များအတွက် ဂုဏ်ပြုစကားပြောကြားသည်။
-
ဆက်လက်၍ ကျားကူးအနောက်ကျေးရွာ ကျေးရွာသစ်စီမံကိန်းကော်မတီဥက္ကဋ္ဌက ၂ဝ၁၈  ဘဏ္ဍာနှစ်စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့်ခန်းမဆေးသုတ်ခြင်း၊ လျှပ်စစ်မီးနှင့်ပန်ကာတပ်ဆင်ပြီးစီးမှု၊ ကွန် ကရစ်လမ်း၊ ရေမြောင်း၊ ရွာခြံစည်းရိုးနှင့် ရွာအဝင်ဆိုင်းဘုတ် ဆောက်လုပ်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
-
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဦးစီးမှူးက ဘက်စုံ ဖွံ့ဖြိုးရေး ခန်းမဆောင်ရှေ့၌ ကျေးရွာသစ်လှုပ်ရှားမှု တတိယနှစ်လုပ်ငန်းအားလုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။
-
အဆိုပါကျားကူးအနောက်ကျေးရွာ ဘက်စုံ ဖွံ့ဖြိုးရေးကျေးရွာ ကွန်ကရစ်လမ်းသစ်မှာအကျယ် ၁၂ ပေ၊ အရှည် ၁၁၆၄ ပေ၊ ထု ခြောက်လက်မ၊ လမ်းဘေးဝဲယာခြံစည်းရိုး အရှည်ပေ ၄၃ဝဝ၊ ကွန်ကရစ်လမ်းထုခြောက် လက်မ၊ အကျယ် ၁၂ ပေ၊ လမ်းအရှည်ပေ ၄၅ဝ နှင့်အမြင့် ခုနစ်ပေ၊ အကျယ် ၁၁ ပေရှိ နှစ်ခန်းတွဲသန့်စင်ခန်းတို့ကို စုစုပေါင်းငွေကျပ် ၂၄၂ သိန်းကျော် အကုန်အကျခံတည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။
-
အောင်လှိုင်ဝင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger