www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 9, 2018

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလူမျိုးစုရေးရာကော်မရှင်မှ ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ


-
နေပြည်တော် နိုဝင်ဘာ ၈ 
-
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား လူမျိုးစုရေးရာ ကော်မရှင်မှ ဒုတိယဝန်ကြီး Mr.LI Changping နှင့်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
-
တွေ့ဆုံစဉ် တိုင်းရင်းသား လူမျိုးများရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံဝန်ကြီး ဌာနများ၏ ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းနေမှုများတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံက ကူညီဆောင်ရွက်နေမှုများနှင့် အဆိုပါ လုပ်ငန်းစဉ်များတွင် ဆက်လက် ကူညီဆောင် ရွက်ပေးနိုင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသများရှိ မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုး များအား ၎င်းတို့၏ အခွင့်အရေးများ နစ်နာဆုံးရှုံးသည်ဟု ယူဆမှုများအပေါ် လက်နက်ကိုင်၍ မဖြေရှင်းဘဲ ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးပွဲများတွင် ပါဝင်ညှိနှိုင်း ဆွေးနွေးလာစေရေး ဝိုင်းဝန်း ဖျောင်းဖျပေးရန် ကိစ္စရပ်များနှင့် ၎င်းတို့၏ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီပံ့ပိုး ဆောင်ရွက်ပေးမည့် အကြောင်းအရာများ၊ နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေး ကြသည်။
-
ထို့နောက် အမျိုးသား လူမျိုးစုရေးရာ ကော်မရှင်မှ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၌ ခင်းကျင်း ပြသထားသည့် တိုင်းရင်းသားလူမျိုးများ ယဉ်ကျေးမှု နှင့် ဝတ်စား ဆင်ယင်မှုပြခန်းကို ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြ သည်။
-
ဆက်လက်၍ အမျိုးသား လူမျိုးစုရေးရာ ကော်မရှင်မှ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲ ၁ နာရီခွဲတွင် အမျိုးသားပြတိုက် (နေပြည်တော်)သို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးမိစိန် က အမျိုးသား ပြတိုက် ခင်းကျင်းပြသမှုများနှင့် ပတ်သက်၍ ရှင်းလင်း ပြသသည်။
-
ယင်းနောက် ညနေ ၃ နာရီခွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှမော်ဦးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား လူမျိုးစုရေးရာ ကော်မရှင်မှ ဒုတိယ ဝန်ကြီးတို့သည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးကြသည်။
-
ထိုသို့ ဆွေးနွေးရာတွင် နှစ်နိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက် တိုင်းရင်းသား လူမျိုးရေးရာဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများ၊ အတွေ့အကြုံ များ၊ အကြံပြုချက်များကို ပူးပေါင်း ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နယ် စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ ယဉ်ကျေးမှု ပွဲတော်များ ကျင်းပရာတွင် ပူးပေါင်းဆောင် ရွက်ရေး၊ နှစ်နိုင်ငံ တိုင်းရင်းသား လူမျိုးများ ရေးရာဖွံ့ဖြိုး တိုးတက်စေရေးအတွက် အပြန် အလှန်လည်ပတ်ခြင်း၊ အစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများ အပြန်အလှန် ဖိတ်ခေါ်၍ သတင်း အချက်အလက်များ၊ အတွေ့အကြုံများ မျှဝေနိုင်ရေး ကိစ္စများအား ဆွေးနွေးကြသည်။
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ည ၆ နာရီခွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား လူမျိုးစုရေးရာ ကော်မရှင်မှ ဒုတိယဝန်ကြီး Mr.LI Changping နှင့်အဖွဲ့အား ညစာ ဖြင့် တည်ခင်းဧည့်ခံကြောင်း သိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger