www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 9, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ
-
ကျောက်ပန်းတောင်း  နိုဝင်ဘာ   ၈
-
မန္တလေးတိုင်းဒေသကြီး   ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့က ဦးဆောင်၍ ယနေ့နံနက် ၉ နာရီတွင် မြို့နယ်စစ်မှုထမ်းဟောင်းရုံး ရှေ့၌ တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်  လုပ်ဆောင်နေ မှုများအား ဆန့်ကျင်သည့်   ဆန္ဒဖော်ထုတ်ပွဲ ကျင်းပကြောင်း သိရသည်။
-
အဆိုပါ တပ်မတော်ထောက်ခံပွဲတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီး ကျော်ရွှေ(ငြိမ်း) ဦးဆောင်၍   စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်းအင်အား ၂ဝဝ ဦးက နိုင်ငံတော်အလံများ၊  စစ်မှုထမ်းဟောင်း အလံများနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကိုလုံးဝဆန့်ကျင်ရှုတ်ချ သည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝ လက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏အောက်လုံး အစီရင်ခံစာကို အလိုမရှိဟူသည့် ဗွီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍    ဆန္ဒဖော်ထုတ်ကြသည်။
-
တပ်မတော်ထောက်ခံပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ၂ဝ၁၆  ခုနှစ်မှ၂ဝ၁၈ ခုနှစ်အထိ  ယခုအကြိမ် အပါအဝင် ၁၁၉ ကြိမ်  စုစုပေါင်း အင်အား ၆၅၄၁၅ဝ ဦးဖြင့်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger