www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 12, 2018

မောင်တောမြို့နယ်၊ ကျွန်းတောင်ကျေးရွာသစ်၌ ငွေကျပ်သိန်းပေါင်း ၁ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ဘင်္ဂါလီသုံးဦးအား ဖမ်းဆီးရမိ

မောင်တောမြို့နယ်၊ ကျွန်းတောင်ကျေးရွာသစ်၌ ငွေကျပ်သိန်းပေါင်း ၁ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ဘင်္ဂါလီသုံးဦးအား ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၁၁
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁ဝ ရက် ညနေ ၃ နာရီခန့်တွင် ကျွန်းတောင်ကျေးရွာသစ်သို့ အရောက် လယ်ကွင်းအတွင်း၌  မသင်္ကာဖွယ် ဘင်္ဂါလီသုံးဦးအားတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ ငါးစားကြူးကျေးရွာနေ အီစ္စမန်(ဘ)အီနူရ်၊ အာယာစ်(ဘ)ဂူရာမျှားနှင့် ဘိုက်တူလာ(ဘ) ဆူလ်တာန်မာမက်တို့အား ၎င်းတို့ သယ်ဆောင်လာသည့် 

GP  တံဆိပ်ပါ ၁ ဂါလန်ဆံ့ အက်စစ်ပုံးခွံအတွင်းမှ  WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၁၈၅ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁ဝဝဝ ကျော်ခန့်)နှင့်အတူဖမ်းဆီး ရမိခဲ့သည်။
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းနှင့် အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger