www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 12, 2018

မြိတ်မြို့ရှိ Baileyကျွန်းအနီး၌ တရားမဝင် ငါးဖမ်းစက်လှေ တစ်စင်းအား ဖမ်းဆီးရမိ

https://www.myawady.net.mm/media/k2/items/cache/7000762be162ee10328368b4de2ad3ed_XL.jpg

နေပြည်တော် အောက်တိုဘာ ၁၁
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အနီးရှိ မြန်မာ့ပင်လယ်ပြင် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁ဝ ရက် နံနက် ၂ နာရီခန့်တွင် မြိတ် မြို့၏အနောက်တောင်ဘက် ရေမိုင် ၅၅ မိုင် ခန့်အကွာရှိ Bailey ကျွန်းအနီး၌ အလျား ၆၇ ပေ၊ အနံ ၁၄ ပေ ၇ လက်မနှင့် ရေစူး ၅ ပေခန့်ရှိ စိုးလှိုင်မိုး(တဝ-၂၇၇)အမည်ရှိ တရားမဝင် ကမ်းဝေးငါးဖမ်းလှေ တစ်စင်းကို ပဲ့နင်း ဦးဝင်းဗိုလ်(ဘ) ဦးရာဦး အပါအဝင် အမျိုးသား ၁၃ ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

-
အဆိုပါစက်လှေနှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရန် မြိတ်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger