www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 12, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ရွှေပြည်သာမြို့နယ်၌ ပြုလုပ်

https://www.myawady.net.mm/media/k2/items/cache/bc933fd5ee4e039b349086c17f06c78a_XL.jpg

ရန်ကုန်  အောက်တိုဘာ  ၁၁                                  
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ   ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့်   ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား  ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး  ရွှေပြည်သာမြို့နယ်မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များက ရွှေပြည်သာမြို့နယ် (၆/၁ဝ) ရပ်ကွက် သံလွင်လမ်းရှိ စစ်မှုထမ်းဟောင်းရုံး ရှေ့၌ ပြုလုပ်သည်။
-
''ဒီနေ့ပြုလုပ်တဲ့ တပ်မတော် ထောက်ခံပွဲကို ရွှေပြည်သာမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်နဲ့ အရန်အဖွဲ့ဝင်တွေက မြန်မာ့တပ်မတော်ကို ဖိအားပေးနေတဲ့ ပြည်ပနိုင်ငံတွေနဲ့ တခြားအဖွဲ့အစည်းတွေကို ဆန့်ကျင်ရှုတ်ချပြီး မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံတယ်။ ကျွန်တော်တို့  စစ်မှုထမ်းဟောင်းတွေက   တပ်မတော်ကို   အစဉ်ချစ်မြတ်နိုးတဲ့ စိတ်အပြည့်နဲ့ ဘယ်သူ့ဖိအားပေးမှုမှ မပါဘဲ မိမိတို့ ဆန္ဒအလျောက် တစ်တပ်တစ်အားပါဝင်ပြီး ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်'' ဟု ရွှေပြည်သာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းထိုက် (ငြိမ်း) ကပြောသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ရွှေပြည်သာမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင် ၃ဝဝ ဦးက နိုင်ငံတော်အလံ၊  စစ်မှုထမ်းဟောင်း အလံများနှင့်အတူ ပြည်သူ ကိုချစ်သော၊ ပြည်သူက ချစ်သော တပ်မတော် အောင်မြင်ပါစေ၊  ဘက်လိုက်သော ကုလ သမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ တို့လုံးဝ လက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို  လုံးဝဆန့်ကျင် ရှုတ်ချသည်၊   တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ  တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်၊ APHR၏ အောက်လုံးအစီရင်ခံစာ အလိုမရှိ၊   မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည် စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ၁ နာရီခန့် တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
-
တပ်မတော်ထောက်ခံပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအဝင် ၆၆ ကြိမ် စုစုပေါင်းအင်အား  ၅၉၃၈၈၅  ဦးဖြင့်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger