www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 3, 2018

ကျုံပျော်မြို့နယ်၊ဇင်ပြွန်းကုန်းကျေးရွာအုပ်စုနှင့် မိုးကြိုးပစ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


 -
နေပြည်တော် အောက်တိုဘာ ၂
-
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စုနှင့် မိုးကြိုးပစ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား  အောက်တိုဘာ ၁ ရက်နှင့် ယနေ့တို့တွင်   အနောက်တောင်တိုင်း စစ်ဌာနချုပ်၊  နယ်လှည့်ဆေးကုသရေး အဖွဲ့က ဇင်ပြွန်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် မိုးကြိုးပစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၃၃၂ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး နှလုံးခုန်နှုန်း စမ်းသပ်စစ်ဆေးပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း စသည့်ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger