www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 3, 2018

မြိတ်မြို့၊ ချမ်းမြသာရီ ရပ်ကွက်နှင့် ပတ်ဝန်းကျင်ရပ်ကွက်များမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


နေပြည်တော် အောက်တိုဘာ ၂
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ချမ်းမြသာရီ ရပ်ကွက်နှင့် ပတ်ဝန်းကျင် ရပ်ကွက်များမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်း တွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က  အဆိုပါ ရပ်ကွက်ရှိ မီးအိမ်ရှင်ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၁၅၂ ဦးတို့ကို အရိုး/အကြောရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကလေးရောဂါ၊ သား ဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger