www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 4, 2018

ရန်ကုန်တိုင်းဒေသကြီး က-ည-န ခရိုင်ရုံးများ၌ သတ်မှတ်ထားသည့် ယာဉ်အစီးရေထက် တိုးမြှင့် စစ်ဆေးပေးလျက်ရှိ


ရန်ကုန် အောက်တိုဘာ ၃
-
ရန်ကုန်တိုင်းဒေသကြီး က-ည-န ခရိုင်ရုံးများ၌ တစ်ရက်တာအတွက် သတ်မှတ်ထားသည့် ယာဉ်အစီးရေထက် တိုးမြှင့်စစ်ဆေးပေးလျက် ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က-ည-န)မှ သိရသည်။
-
ရန်ကုန်တိုင်းဒေသကြီးရှိ  ခရိုင်အသီးသီး၌  ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို သြဂုတ် ၂ဝ ရက်မှစ၍ က-ည-န ခရိုင်ရုံးများအလိုက် တိုင်းဒေသကြီး ရွာသာကြီးရုံးခွဲ၌ ယာဉ်အစီးရေ ၂၅ စီး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ရုံး၌ ယာဉ်အစီးရေ ၃၅ စီး၊  ရန်ကုန်အနောက်ပိုင်းခရိုင်ရုံး၌   ယာဉ်အစီးရေ ၅ဝ၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး၌ ယာဉ်အစီးရေ ၂၅ စီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်ရုံး၌ ယာဉ်အစီးရေ ၃ဝ  စုစုပေါင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း တစ်ရက်လျှင် ၁၆၅ စီး   လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိတွင် သတ်မှတ်ထားသည့် အစီးရေထက် ၁ဝ စီးပို၍ လုပ်ငန်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
-
''ယာဉ်မှန်၊ မမှန်စစ်တဲ့ကားတွေ များလာတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ က-ည-န ရုံးတွေမှာ တစ်ရက်ကို ၁ဝ စီးကျော်လောက်  တိုးမြှင့်စစ်ဆေး ပေးနေပါတယ်။  အကယ်၍  ယာဉ်မမှန်ဘူးဆိုရင် လိုင်စင်မဲ့ ကားအဖြစ် တစ်ပါတည်း သိမ်းဆည်းသွားမှာပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
-
ယာဉ်မှန်၊ မမှန်စစ်ဆေးမည့် မော်တော်ယာဉ်များ အနေဖြင့် ယာဉ်စစ်ရက်ချိန်း ရယူခြင်းကို www.rtad.gov.mm ဝက်ဘ်ဆိုက်တွင် ကြိုတင်စာရင်း ပေးသွင်းသည့် စနစ် Online Booking စနစ်တွင် ရက်ချိန်းရယူ၍ နှစ်လဲသက်တမ်းတိုး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးချိန် မွန်းလွဲ ၂  နာရီနောက်ပိုင်း လစဉ်လဆန်း ၁ ရက်မှ ၂၅ ရက်အထိ စစ်ဆေးပေးမည်ဖြစ်ပြီး  Online  Booking  စနစ်ဖြင့် လုပ်ငန်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
-
ယာဉ်မှန်၊မမှန်စစ်ဆေးရာတွင် ယာဉ်၏ ဘောင်အမှတ်နှင့် ဘောင်အမှတ်ပါ ဘန်ဘာတန်း တစ်လျှောက် ဆက်စပ်နေသော ယာဉ်အစိတ်အပိုင်းများကို စစ်ဆေးခြင်း ဖြစ်ပြီး  ယာဉ်တစ်စီးအတွက် ထုတ်ပေးထားသော အထောက်အထား များ ဖြစ်သည့် Certificate  of  Vehicle  Registration  (CVR) ၊ Vehicle Inspection Sticker (VIS) ယာဉ်မှတ်ပုံတင် စာအုပ် စသည်တို့ကို တိုက်ဆိုင် စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger