www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 5, 2018

မော်လမြိုင်၊ မဟာမြိုင်ပရိယတ္တိ စာသင်တိုက်ရှိ စာသင်စာချ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


နေပြည်တော် အောက်တိုဘာ  ၎
-
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မဟာမြိုင်ပရိယတ္တိ စာသင်တိုက်ရှိ စာသင်စာချ သံဃာတော်များနှင့် စာသင်တိုက်အတွင်း လုပ်အားဒါနပြုကြသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က  အဆိုပါကျောင်း၌ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် ၁၉ဝ ပါးနှင့် စာသင်တိုက်အတွင်း လုပ်အားဒါန ပြုလုပ်လျက်ရှိသည့် ဒေသခံပြည်သူ ၁၁ ဦးတို့ကို မျက်စိရောဂါ၊ နှလုံးရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော  သံဃာတော်များအား မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်အောင်သီဟနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger