www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 5, 2018

ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲပြုလုပ်


နေပြည်တော် အောက်တိုဘာ  ၎
-
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က  အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။
-
ဦးစွာ ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ကျောင်းသူများအား သန့် ၄ သန့်အကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါတို့ အကြောင်း သိကောင်းစရာများကို ကျန်းမာရေး အသိပညာပေး  ဟောပြောဆွေးနွေးသည်။
-
ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၆၃ ဦးတို့ကို ကလေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ၊  အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများနှင့်   ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger