www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 5, 2018

တပ်မတော်ထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ


မော်လိုက် အောက်တိုဘာ ၎
-
မော်လိုက်ခရိုင် မော်လိုက်မြို့ မြို့တော်ခန်းမရှေ့၌ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် တပ်မတော်ထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် လုပ်ဆောင်နေမှုများကို   ဆန့်ကျင်သည့်  ဆန္ဒဖော်ထုတ်ပွဲ ကျင်းပသည်။
-
ဆန္ဒဖော်ထုတ်ပွဲတွင် မော်လိုက်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီး စောတင်(ငြိမ်း)က ''ယနေ့ပြုလုပ်တဲ့ ပွဲကတော့ မော်လိုက်မြို့နယ်နဲ့ ဖောင်းပြင်မြို့နယ်အတွင်းနေထိုင်ကြတဲ့ စစ်မှုထမ်းဟောင်း အဖွဲ့တွေ စုပေါင်းပြီး ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။
-
စုစုပေါင်း အင်အား ၁၁ဝ ဦး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေး လုပ်ငန်းတွေမှာ တပ်မတော် အရန်အင်အားအဖြစ်နဲ့ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်ရန် ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း မိမိတို့ဆန္ဒအလျောက် လုပ်ဆောင်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာတပ်မတော်အပေါ် နိုင်ငံတကာ ပြည်ပမီဒီယာတွေက ဖိအားပေး လုပ်ဆောင်နေတာတွေ၊ မဟုတ်မမှန် စွပ်စွဲပြောဆိုနေတာတွေအပေါ် ကျွန်တော်တို့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ကြီးတစ်ဖွဲ့လုံး ဆန့်ကျင်ပါတယ် ဆိုတာကို   နိုင်ငံတကာကသိအောင် ထုတ်ဖော် ဆန္ဒပြတာဖြစ်ပါတယ်'' ဟု ပြောသည်။
-
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် မော်လိုက်မြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အတွင်း နေထိုင်ကြသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၁ဝ ဦးက နိုင်ငံတော် အလံများ၊ စစ်မှုထမ်းဟောင်း အလံများနှင့်အတူ မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ  တို့  လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော  Facebook  ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏  မမျှမတတစ်ဖက်သတ် အစီရင်ခံစာကို  တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊  ပြည်သူက ချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ  တိုင်းပြည်အေးချမ်းမည်၊ APHR ၏   အောက်လုံး အစီရင်ခံစာ  အလိုမရှိဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍    တစ်နာရီခန့်  ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ်အပါအဝင်  ၅၄ ကြိမ် စုစုပေါင်းအင်အား ၅၉၁၈၆၅ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။   
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger