www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 26, 2018

ဝမ်ကန်ကျေးရွာ၌ အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ပြီးစီး


မယ်စဲ့ အောက်တိုဘာ ၂၅
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဝမ်ကန်ကျေးရွာ၌ အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေး လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ပြီးစီးပြီး ရေရရှိသဖြင့် ကျေးရွာပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
-
''အရင်တုန်းက ကျေးရွာမှာရှိတဲ့ လက်တူးတွင်းရေကိုသာ အားထားအသုံးပြုရပြီး နွေရာသီရေခန်းခြောက်တဲ့အချိန်ဆိုရင် ရေအနည်းငယ်ရှားပါတယ်။ အခုတော့ အိမ်တိုင်ရာရောက်ရေရရှိပြီး ရာသီမရွေးလည်း ရေရတဲ့အတွက် အလွန်အဆင်ပြေတယ်''ဟု ဝမ်ကန်ကျေးရွာနေ ပြည်သူတစ်ဦး ကပြောသည်။
-
ဝမ်ကန်ကျေးရွာသည် အိမ်ခြေ ၇၈ အိမ်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၅၂၅ သန်းဖြင့် ကျေးရွာအရှေ့ဘက် ဟွေစလွက်ချောင်းရှိ စိမ့်စမ်းရေမှ ကျေးရွာအရောက် ၂ လက်မ PVC ပိုက် အရှည် ပေ ၁၅၈၄ဝ သွယ်တန်း ပေးခဲ့သည်။
-
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပထမခြောက်လတွင် ကျေးလက်ဦးစီးဌာန မူလခွင့်ပြုရန်ပုံ ငွေကျပ် ၆ ဒသမ ၇၂သန်းဖြင့်၂ လက်မ PVC ပိုက် အရှည်ပေ ၅ဝဝဝ နှင့်အတူ အိမ်တိုင်ရာ ရောက်ရေပေးဝေရေးလုပ်ငန်းကို စီစဉ်
ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီး ခဲ့ပြီဖြစ်ကာ ရေမီတာအလုံး ၃ဝ တပ်ဆင်ပြီး တစ်ယူနစ် ၂ဝဝ ကျပ် ကောက်ခံလျက်ရှိကြောင်း သိရသည်။
-
''ရေမီတာနဲ့ ရေပေးရေးစနစ် မှန်ကန် စေဖို့နဲ့ အလေအလွင့်နည်းပါးပြီး စည်းကမ်းတကျ ထိန်းသိန်းတတ်စေဖို့ ရည်ရွယ်ပြီး ကျေးလက်ဦးစီးဌာနနဲ့ ပြည်သူတို့ ပူးတွဲဆောင်ရွက်ထားတဲ့ စနစ်ဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်ရာမှာလည်း ရာသီမရွေး စိမ့်စမ်းရေရရှိတဲ့ ကျေးရွာဖြစ်ဖို့လိုအပ်တယ်။
-
ကျေးရွာရေပေးရေး ကော်မတီဖွဲ့စည်းပြီး လည်ပတ်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်တယ်။ လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကို ဌာနမှတစ်ပါတည်းပို့ချပေးပြီး ကျေးရွာကို စနစ်တကျလွှဲပြောင်းပေးအပ်ပါ
တယ်'' ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
-
ဝတ်ရည်
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger