www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 12, 2018

မိုးစပါးများစတင်ရိတ်သိမ်း တင်း ၁ဝဝ လျှင် ငွေကျပ်ခြောက်သိန်းကျော်ဖြင့် ဝယ်ယူနေ


ရေတာရှည် အောက်တိုဘာ ၁၁ 
-
ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်အတွင်း စိုက်ပျိုးထားသော မိုးစပါးများစတင် ရိတ်သိမ်းလျက်ရှိပြီး ပေါ်ဦးပေါ်စ စပါးအရောင်း အဝယ်ဈေးကွက်၌ ကနဦး ရိတ်သိမ်းပြီး စက်ကျ အစိုတင်း ၁ဝဝ လျှင် ငွေကျပ်
၆၅ဝဝဝဝ ဖြင့် ဈေးဖွင့် ခဲ့သော်လည်း အရောင်းအဝယ် လုပ်သူများအကြား သတင်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိရာ လက်ရှိတွင် တင်း ၁ဝဝ လျှင် ငွေကျပ် ၆၃ဝဝဝဝ ဖြင့် ဝယ်ယူလျက် ရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။ 
-
''အခု စပေါ်တာက ရက် ၉ဝ မျိုး ထိုင်းကောက်တွေ၊ အရင်ဦးဆုံး ပေါ်တဲ့ တောင်သူတွေ ငွေကျပ် ၆၅ဝဝဝဝ အထိ ရောင်းလိုက်ရတယ်။ ကျွန်တော်တို့ တောင်သူတွေကတော့ ဈေးကောင်း ရလေ ပိုကောင်းလေပဲ။ ဘာလို့လဲဆိုတော့ ဆီဈေးတွေ တက်လာတယ်။ ရိတ်သိမ်းစရိတ်၊ ခြွေလှေ့ခ၊ အလုပ်သမား ခတွေက အကုန် တက်ကုန်တာ။ ကုန်ကျမှု ပိုများလာတယ်'' ဟု သပြေတန်း ကျေးရွာနေ တောင်သူ ဦးတရုတ်ဖြူက ပြောသည်။ 
-
စပါး အရောင်းအဝယ် လုပ်ကိုင်သူများ အနေဖြင့် တောင်သူများထံမှ ဝယ်ယူရရှိသည့် စပါးများကို အခြောက်ခံ နေလှန်းကြိတ်ခွဲ၍ တရုတ်ပြည် ဈေးကွက်သို့ အဓိကအားထား တင်ပို့ နေကြခြင်းဖြစ်ရာ မူဆယ်ဘက်၌ ဆန် အရောင်းအဝယ် အေးနေပြီး စပါး အရောင်းအဝယ် ခေတ္တရပ်နား ထားရကြောင်း သိရသည်။
-
ပြည်တွင်း ဆန်ဈေးကွက် အတွင်း အများဆုံး စားသုံးကြသည့် ဧည့်မထ အုပ်စုဝင် ဆန်ဈေးကွက်မှာ တစ်တင်းလျှင် ငွေကျပ် ၃ဝဝဝဝ ဝန်းကျင် အထက်၌သာ တည်ရှိနေဆဲဖြစ်ကာ လက်ရှိ ဈေးကွက်အောက် ထပ်မံ ကျဆင်းရန် မရှိနိုင်ကြောင်း တောင်သူ အများစုက ခန့်မှန်း တွက်ဆမှုရှိနေသည်။  
-
(၄၁ဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger